လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင်သစ် နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကတော့ သူ့ရဲ့ နှုတ်မစောင့်မှုကြောင့် အနီကတ်ပွဲပယ်ပြစ်ဒဏ်က တစ်ပွဲနဲ့ အေးအေးဆေးဆေး ပြီးမသွားဘဲ အက်ဖ်အေရဲ့ စွဲချက်တင်ခံရမှုနဲ့ နောက်ထပ်တစ်ပွဲ ထပ်မံ အပယ်ခံခဲ့ရသလို စာရိတ္တပိုင်းဆိုင်ရာ ဒဏ်ရိုက်မှုအတွက်လည်း ပေါင်တစ်သိန်း ဒဏ်ငွေဆောင်ရတော့မှာဖြစ်ပါတယ်။
ဇာတ်ကြောင်းလှန်ရရင် ပြီးခဲ့တဲ့ နယူးကာဆယ်လ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာ တစ်ဖက်ကစားသမား အလက်ဇန်းဒါး အီဆက်ခ်ကို ဘောလုံးရောလူပါ ရွာအထာနဲ့ သိမ်းရိုက်ခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် Last Defender ဒတ်ချ်ခံစစ်မှူးကြီးအနေနဲ့ တိုင်မင်လွဲပြီး ဘောလုံးကို အရင်မထိဘဲ ဆွီဒင်တိုက်စစ်မှူးရဲ့ ခြေထောက်ကို အရင်ရိုက်မိခဲ့တာကြောင့် ဒိုင်လူကြီး ဂျွန်ဘရွတ်ခ်စ်က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်သွားခဲ့တာပါ။
လီဗာပူးလ်ကစားသမားဘဝမှာ ပထမဆုံး တိုက်ရိုက်ထုတ်ပယ်ခံရမှုအဖြစ် ဒီလိုမျိုး အနီကတ်ပြခံရအပြီးမှာတော့ အနာဆားပက်ခံရသလို ဖျတ်ဖျတ်လူးသွားခဲ့တဲ့ ဗန်ဒိုက်အနေနဲ့ ဒိုင်လူကြီးကို ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ စော်ကားမော်ကား ပြောဆိုခဲ့တာဖြစ်ပြီး ဒီအတွက် အက်ဖ်အေရဲ့ နောက်ထပ်တစ်ပွဲပယ်မှုနဲ့ ဒဏ်ငွေ ပေါင်တစ်သိန်းကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
PGMOL ရဲ့ ဒိုင်လူကြီး အကြီးအကဲ ဟောင်းဝပ် ဝက်ဘ်ကတော့ ဂျွန်ဘရွတ်ခ်ရဲ့ အနီကတ်ကို ထောက်ခံသွားခဲ့ပြီး “ဗန်ဒိုက်အနေနဲ့ ဘောလုံးကို ကစားခဲ့တာ ဖြစ်ပေမယ့် မထိခင်မှာ အီဆက်ခ်ရဲ့ ခြေထောက်ကို ဖြတ်ကန်မိခဲ့တာကို ငြင်းလို့ မရပါဘူး။ ဒါက ကြမ်းတမ်းတဲ့ ပြစ်ဒဏ်ဘောသက်သက် မဟုတ်သလို တစ်ဖက် အသင်းရဲ့ ဂိုးသွင်းခွင့်ကိုလည်း ဖျက်ဆီးလိုက်တာဖြစ်တာကြောင့် VAR ကပါ စစ်ဆေးပြီး အတည်ပြုခဲ့တာပါ”လို့ ရှင်းပြသွားခဲ့ပါတယ်။
အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာတော့ “ကစားသမားအနေနဲ့ အထုတ်ပယ်ခံရချိန်မှာ ဒိုင်လူကြီးကို မလျော်ကန်တဲ့ အပြုအမူနဲ့ နှုတ်အားဖြင့်လည်း စော်ကားမိခဲ့တယ်ဆိုတာ ဝန်ခံသွားခဲ့ပြီး စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေနဲ့ ထပ်မံအပြစ်ပေးရဖို့ ဖြစ်လာခဲ့ကြောင်း” ပါဝင်ခဲ့သလို ဗန်ဒိုက်အနေနဲ့လည်း သူ့ရဲ့ အမှားနဲ့ ပြစ်ဒဏ်ဆုံးဖြတ်ချက်ကို လက်ခံသွားခဲ့ကြောင်း သိရှိရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: လီဗာပူးလ္အသင္းရဲ႕ အသင္းေခါင္းေဆာင္သစ္ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ကေတာ့ သူ႔ရဲ႕ ႏႈတ္မေစာင့္မႈေၾကာင့္ အနီကတ္ပြဲပယ္ျပစ္ဒဏ္က တစ္ပြဲနဲ႔ ေအးေအးေဆးေဆး ၿပီးမသြားဘဲ အက္ဖ္ေအရဲ႕ စြဲခ်က္တင္ခံရမႈနဲ႔ ေနာက္ထပ္တစ္ပြဲ ထပ္မံ အပယ္ခံခဲ့ရသလို စာရိတၱပိုင္းဆိုင္ရာ ဒဏ္႐ိုက္မႈအတြက္လည္း ေပါင္တစ္သိန္း ဒဏ္ေငြေဆာင္ရေတာ့မွာျဖစ္ပါတယ္။
ဇာတ္ေၾကာင္းလွန္ရရင္ ၿပီးခဲ့တဲ့ နယူးကာဆယ္လ္နဲ႔ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္မွာ တစ္ဖက္ကစားသမား အလက္ဇန္းဒါး အီဆက္ခ္ကို ေဘာလုံးေရာလူပါ ႐ြာအထာနဲ႔ သိမ္း႐ိုက္ခဲ့တဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ Last Defender ဒတ္ခ်္ခံစစ္မႉးႀကီးအေနနဲ႔ တိုင္မင္လြဲၿပီး ေဘာလုံးကို အရင္မထိဘဲ ဆြီဒင္တိုက္စစ္မႉးရဲ႕ ေျခေထာက္ကို အရင္႐ိုက္မိခဲ့တာေၾကာင့္ ဒိုင္လူႀကီး ဂြၽန္ဘ႐ြတ္ခ္စ္က တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္သြားခဲ့တာပါ။
လီဗာပူးလ္ကစားသမားဘဝမွာ ပထမဆုံး တိုက္႐ိုက္ထုတ္ပယ္ခံရမႈအျဖစ္ ဒီလိုမ်ိဳး အနီကတ္ျပခံရအၿပီးမွာေတာ့ အနာဆားပက္ခံရသလို ဖ်တ္ဖ်တ္လူးသြားခဲ့တဲ့ ဗန္ဒိုက္အေနနဲ႔ ဒိုင္လူႀကီးကို ႐ိုင္းစိုင္းတဲ့ စကားလုံးေတြနဲ႔ ေစာ္ကားေမာ္ကား ေျပာဆိုခဲ့တာျဖစ္ၿပီး ဒီအတြက္ အက္ဖ္ေအရဲ႕ ေနာက္ထပ္တစ္ပြဲပယ္မႈနဲ႔ ဒဏ္ေငြ ေပါင္တစ္သိန္းကို ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။
PGMOL ရဲ႕ ဒိုင္လူႀကီး အႀကီးအကဲ ေဟာင္းဝပ္ ဝက္ဘ္ကေတာ့ ဂြၽန္ဘ႐ြတ္ခ္ရဲ႕ အနီကတ္ကို ေထာက္ခံသြားခဲ့ၿပီး “ဗန္ဒိုက္အေနနဲ႔ ေဘာလုံးကို ကစားခဲ့တာ ျဖစ္ေပမယ့္ မထိခင္မွာ အီဆက္ခ္ရဲ႕ ေျခေထာက္ကို ျဖတ္ကန္မိခဲ့တာကို ျငင္းလို႔ မရပါဘူး။ ဒါက ၾကမ္းတမ္းတဲ့ ျပစ္ဒဏ္ေဘာသက္သက္ မဟုတ္သလို တစ္ဖက္ အသင္းရဲ႕ ဂိုးသြင္းခြင့္ကိုလည္း ဖ်က္ဆီးလိုက္တာျဖစ္တာေၾကာင့္ VAR ကပါ စစ္ေဆးၿပီး အတည္ျပဳခဲ့တာပါ”လို႔ ရွင္းျပသြားခဲ့ပါတယ္။
အက္ဖ္ေအရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ “ကစားသမားအေနနဲ႔ အထုတ္ပယ္ခံရခ်ိန္မွာ ဒိုင္လူႀကီးကို မေလ်ာ္ကန္တဲ့ အျပဳအမူနဲ႔ ႏႈတ္အားျဖင့္လည္း ေစာ္ကားမိခဲ့တယ္ဆိုတာ ဝန္ခံသြားခဲ့ၿပီး စည္းကမ္းထိန္းသိမ္းေရး ေကာ္မတီအေနနဲ႔ ထပ္မံအျပစ္ေပးရဖို႔ ျဖစ္လာခဲ့ေၾကာင္း” ပါဝင္ခဲ့သလို ဗန္ဒိုက္အေနနဲ႔လည္း သူ႔ရဲ႕ အမွားနဲ႔ ျပစ္ဒဏ္ဆုံးျဖတ္ခ်က္ကို လက္ခံသြားခဲ့ေၾကာင္း သိရွိရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post ပေါင်တစ်သိန်းနဲ့ တစ်ပွဲပိုပြီး ဒဏ်ရိုက်ခံလိုက်ရသော နှုတ်မစောင့်တဲ့ လိပ်ကြီး ဗန်ဒိုက် first appeared on Sports A2Z.
Your new digest 50
Post a Comment