ကလေးငယ်တွေကို အာဟာရပြည့်ဝစေပြီး သဘာဝပတ်ဝန်းကျင်နဲ့ နီးစပ်စေတဲ့ Grassroots စီမံကိန်း

တောင်အာဖရိကနိုင်ငံမှာ မြေလွတ်မြေရိုင်းတွေကို ကျောင်းစိုက်ပျိုးရေးဥယျာဉ်တွေအဖြစ် ပြောင်းလဲပြီး ကျောင်းသားငယ်တွေ အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်နိုင်တဲ့ Grassroots စီမံကိန်းက အောင်မြင်မှုတွေ ရရှိနေပါတယ်။

စာသင်ကျောင်းဝန်းကျင် ဒါမှမဟုတ် ရပ်ကွက်တွေထဲမှ အသုံးမပြုဘဲ ပစ်ထားတဲ့ မြေကွက်လွတ်တွေထဲမှာ ဟင်းသီးဟင်းရွက်နဲ့ သီးနှံပင်တွေ စိုက်ပျိုးပြီး အဲဒီစိုက်ခင်းတွေထဲကနေ ထွက်ရှိလာတဲ့ အာဟာရပြည့်ဝ၊ လတ်လတ်ဆတ်ဆတ် အစားအစာတွေကို ကျောင်းသား/သူငယ်တွေအတွက် အခမဲ့ ကျွေးမွေးတာ ဖြစ်ပါတယ်။

Grassroots စီမံကိန်းဟာ ကလေးငယ်တွေရဲ့ အာဟာရချို့တဲ့မှုကို ကုစားပေးနိုင်ရုံတင်မကဘဲ လက်တွေ့စိုက်ပျိုးရေး အတတ်ပညာကို သင်ကြားပေးရာ ရောက်တဲ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာ ဖြန့်ဝေရာရောက်ပါတယ်။

အာဟာရပြည့်ဝစွာ စားသောက်ခွင့်ရလာသည့် ကျောင်းသားငယ်တွေဟာ ကျောင်းတက်ချိန် မြင့်မားလာတဲ့အပြင် စာမေးပွဲအောင်မြင်မှုနှုန်းလည်း သိသိသာသာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

Ref: News24

NZ (ရိုးရာလေး) 

The post ကလေးငယ်တွေကို အာဟာရပြည့်ဝစေပြီး သဘာဝပတ်ဝန်းကျင်နဲ့ နီးစပ်စေတဲ့ Grassroots စီမံကိန်း appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post