သားဖြစ်သူနဲ့ ပြန်အဆင်ပြေသွားပြီဖြစ်တဲ့ မင်းသားကြီးဂျက်ကီချမ်း

မကြာသေးခင်ကမှ အသက် ၇၂ နှစ်ပြည့်သွားခဲ့တဲ့ ဝါရင့်မင်းသားကြီးဂျက်ကီချမ်းဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပုံရပါတယ်။ ဇန်နဝါရီလက သူ့ရဲ့သမီးဖြစ်သူ Etta Ng နဲ့ ပြန်လည်သင့်မြတ်သွားပြီဆိုတဲ့ ကောလာဟလတွေထွက်ပေါ်ခဲ့ပါသေးတယ်။ အခုလည်း သားဖြစ်သူ ဂျေစီချမ်းနဲ့လည်း ပြန်အဆင်ပြေသွားခဲ့ပါပြီ။

မိဘအုပ်ထိန်းမှုတင်းကျပ်တာနဲ့ မကြာခဏဝေဖန်အပြစ်တင်မှုတွေကြောင့် သားဖြစ်သူနဲ့ဆက်ဆံရေးဟာ တင်းမာခဲ့ရတာဖြစ်တယ်လို့ အရင်က ဖွင့်ဟခဲ့ပါသေးတယ်။ မကြာသေးခင်ကမှ ဂျက်ကီချမ်းကို သားဖြစ်သူ ဂျေစီချမ်းနဲ့ ဂွမ်ဒေါင်းပြည်နယ်၊ ဟွေကျိုးမြို့က Su Dongpo Memorial Site မှာ လူမှုကွန်ယက်အသုံးပြုသူတွေက တွေ့မြင်ခဲ့တာပါ။ ဧပြီ ၇ ရက်နေ့ အသက် ၇၂ နှစ်မပြည့်ခင်မှာ သားအဖနှစ်ယောက်ကို ချစ်ချစ်ခင်ခင်မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

ဂျက်ကီချမ်းနဲ့ ဂျေစီတို့ဟာ သစ်ပင်တစ်ပင်အောက်မှာ အနားယူနေခဲ့ပြီး ဂျေစီရဲ့ပခုံးကို ဂျက်ကီက ပွေ့ဖက်ထားကာ တစ်ခုခုကို လက်ညှိုးညွှန်ပြနေတာကို ဓာတ်ပုံတစ်ပုံမှာ တွေ့ရပါတယ်။ ဂျေစီကလည်း ဂရုတစိုက်နားထောင်နေပြီး ပြုံးပျော်ရွှင်စွာနဲ့ စကားစမြည်းပြောဆိုလို့နေပါတယ်။

အသက် ၄၂ နှစ်အရွယ် ဂျေစီဟာဆိုရင် ဂျက်ကီချမ်းနဲ့ ထိုင်ဝမ်မင်းသမီးဟောင်း လင်ဖုန်ကျောင်တို့ရဲ့တစ်ဦးတည်းသောသားဖြစ်ပါတယ်။

Ref: Jackie Chan Spotted With Formerly Estranged Son Jaycee Chan In Guangdong Before 72nd Birthday

WL (ရိုးရာလေး) 

The post သားဖြစ်သူနဲ့ ပြန်အဆင်ပြေသွားပြီဖြစ်တဲ့ မင်းသားကြီးဂျက်ကီချမ်း appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post