တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားချော ဟွန်ဘင်းဟာ Disney + ရဲ့မူရင်းစီးရီး Made in Korea နဲ့ ၂၄ ကြိမ်မြောက် Directors’ Cut Awards မှာ Series Actor Award ကို ရရှိသွားခဲ့ပါတယ်။ သူဟာ ၆၂ ကြိမ်မြောက် Baeksan Arts Award မှာ အကောင်းဆုံးမင်းသားဆုကို ရရှိပိုင်ဆိုင်ပြီးနောက် အခုဆုကို ထပ်မံဆွတ်ခူးခဲ့တာပါ။ Directors’ Cut Awards ကို မေလ ၁၉ ရက်နေ့က ကျင်းပသွားခဲ့တာဖြစ်ပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေတဲ့ တောင်ကိုရီးယားတွင် ဇာတ်အိမ်တည်ထားတဲ့ ‘Made in Korea’ စီးရီးက နိုင်ငံကို အကျိုးအမြတ်ပုံစံအဖြစ် ပြောင်းလဲခြင်းဖြင့် ချမ်းသာကြွယ်ဝမှုနှင့် အာဏာကို ရှာဖွေသူ Baek Gi Tae နဲ့ ကြီးမားသောဖြစ်ရပ်တွေမှာ ပါဝင်ပတ်သက်လာသောအခါ သူတို့ကို မရပ်မနား လိုက်လံရှာဖွေတဲ့ ရှေ့နေ Jang Geon Young တို့အကြောင်း ရိုက်ထားတာပါ။
လောဘနဲ့ ရည်မှန်းချက်ကြီးမှုကြောင့် ဖိအားများလာတဲ့ ကိုရီးယားဗဟိုထောက်လှမ်းရေးအေဂျင်စီရဲ့ဒါရိုက်တာ Baek Gi Tae အဖြစ် ဟွန်ဘင်းက သရုပ်ဆောင်ထားပါတယ်။
အခုနှစ်ဝက်မှာ ထွက်ရှိဖို့ စီစဉ်ထားတဲ့ Made in Korea 2 ကိုလည်း ကြည့်ရှုသူတွေက မျှော်လင့်တကြီးနဲ့ စောင့်ဆိုင်းနေကြပါတယ်။
Ref: Hyun Bin takes home Series Actor Award at the 24th Directors’ Cut Awards for ‘Made in Korea’
WL (ရိုးရာလေး)
The post “Made in Korea ” စီးရီးနဲ့ Series Actor Award ကို ရရှိခဲ့တဲ့ မင်းသားဟွန်ဘင်း appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment