အော်စကာဆုပေးပွဲရဲ့အစီအစဉ်မှူးအဖြစ် ၃ နှစ်ဆက်တိုက်ဆောင်ရွက်ဖြစ်မယ့် ကွန်နန် အိုဘရိုင်ယန်

Emmy Award ဆုရှင် တီဗီအစီအစဉ်တင်ဆက်သူ၊ ဟာသပညာရှင် ကွန်နန်အိုဘရိုင်ယန်ဟာ ၂၀၂၇ ခုနှစ်မှာ ကျင်းပမယ့် ၉၉ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အစီအစဉ်မှူးအဖြစ် ပြန်လည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကွန်နန်က အခုတစ်ကြိမ်နဲ့ဆိုရင် အော်စကာဆုပေးပွဲမှာ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်တာ ၃ နှစ်ဆက်တိုက်ရှိမှာဖြစ်ပါတယ်။

ကွန်နန်က ၂၀၂၅ ခုနှစ်မှာ အော်စကာဆုပေးပွဲရဲ့ အစီအစဉ်မှူးအဖြစ် စပြီး ဆောင်ရွက်ဖြစ်ခဲ့တာပါ။ အဲ့ဒီနှစ်မှာ ဆုပေးပွဲအတွက် ကြည့်ရှုသူ ၁၉.၇ သန်းကို ဆွဲဆောင်ပေးနိုင်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်မှာလည်း ၉၈ ကြိမ်မြောက် အော်စကာဆုပေးပွဲရဲ့အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခွင့်ရခဲ့ပြီး ကောင်းတဲ့သုံးသပ်ချက်တွေရရှိခဲ့ပါတယ်။

သူ့ကို Late Night with Conan O’Brien Talk Show တင်ဆက်သူအဖြစ်လည်း လူသိများပါတယ်။

Ref: Conan O’Brien to return as Oscars host for the 3rd consecutive year

WL (ရိုးရာလေး)

The post အော်စကာဆုပေးပွဲရဲ့အစီအစဉ်မှူးအဖြစ် ၃ နှစ်ဆက်တိုက်ဆောင်ရွက်ဖြစ်မယ့် ကွန်နန် အိုဘရိုင်ယန် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post