ဒါရိုက်တာလီဆန်မင်း ရိုက်ကူးတဲ့ “Salmokji: Whispering Water” ရုပ်ရှင်ကားက Box Office ဇယားမှာ နံပါတ် ၂ ဝင်ငွေအများဆုံး ကိုရီးယား Horror ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ မေလ ၂ ရက်နေ့မှာ Salmokji ဇာတ်ကားက လက်မှတ်ရောင်းရငွေ ၂.၄၆ သန်းကျော်ရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ထွက်ရှိခဲ့တဲ့ ‘Gonjiam: Haunted Asylum” ဇာတ်ကားကို ကျော်တက်ကာ သမိုင်းတစ်လျှောက် ဝင်ငွေအများဆုံး ကိုရီးယား Horror ရုပ်ရှင်တွေထဲမှာ ဒုတိယနေရာရရှိခဲ့တာပါ။
“Salmokji: Whispering Water” က ကိုရီးယား Horror ရုပ်ရှင်ဈေးကွက်ကို ဒီစံချိန်အသစ်နဲ့ ပြန်လည်အသက်ဝင်စေခဲ့ပါတယ်။ ဒီဇာတ်ကားထွက်ရှိကတည်းက ကြည့်ရှုနှုန်းကျမသွားအောင် ပရိသတ်ဝင်ရောက်မှုကို ထိန်းထားနိုင်ခဲ့ပါတယ်။
ဒီဇာတ်လမ်းဟာ “Salmokji” လို့ခေါ်တဲ့ ရေလှောင်ကန်တစ်ခုဆီကို နောက်ခံရှုခင်းအလှပုံရိပ်တွေ ပြန်လည်ရိုက်ကူးဖို့ သွားရောက်ခဲ့ကြတဲ့ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ သူတို့အဖွဲ့က အဲ့ဒီရေလှောင်ကန်ဆီ သွားပြီး ဗီဒီယိုရိုက်ကူးတဲ့အခါ မှောင်မိုက်ပြီး နက်ရှိုင်းတဲ့ရေအောက်မှာ ပုန်းအောင်းနေတဲ့ တစ်စုံတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတဲ့အကြောင်းဖြစ်ပါတယ်။
Ref: ‘Salmokji’ Becomes No. 2 Highest-Grossing Korean Horror Film, Surpasses 2.69 Million Admissions
WL (ရိုးရာလေး)
The post နံပါတ် ၂ ဝင်ငွေအများဆုံးဖြစ်လာတဲ့ ကိုရီးယား Horror ရုပ်ရှင် “Salmokji” ဇာတ်ကား appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment