ကမ္ဘာမြေပေါ်က သက်တန့်မြစ် (သို့မဟုတ်) Caño Cristales မြစ်

ကိုလံဘီယာနိုင်ငံ၊ မာကာရီနာ (Macarena) တောင်တန်းဒေသမှာရှိတဲ့ Caño Cristales မြစ်ကို ကမ္ဘာ့အလှဆုံးမြစ်တစ်စင်းလို့ တင်စားလေ့ ရှိပါတယ်။ ဒီမြစ်ဟာ တစ်နှစ်မှာ တစ်ကြိမ် အရောင်အသွေး စုံလင်လှပလေ့ရှိလို့လည်း “ငါးရောင်ခြယ်မြစ်” သို့မဟုတ် “အရောင်ပြောင်းလဲတတ်တဲ့ သက်တန့်မြစ်” လို့ ခေါ်ကြပါတယ်။

မြစ် အရောင်ပြောင်းလဲမှုကတော့ လူအများ ထင်သလို ရေညှိတွေကြောင့် မဟုတ်ပါဘူး။ Macarenia clavigera လို့ခေါ်တဲ့ ရှားပါးရေအောက်အပင်တစ်မျိုးကြောင့်ပါပဲ။ ကျောက်ဆောင်တွေကြားမှာ ပေါက်တဲ့ ဒီအပင်ဟာ နေရောင်ခြည်၊ ရေစီးနှုန်းနဲ့ ရေအပူချိန်တို့ သင့်တင့်မျှတတဲ့အခါ တောက်ပတဲ့ အနီရောင်၊ ပန်းရောင်၊ အဝါရောင်၊ အစိမ်းရောင်နဲ့ အပြာရောင်တွေ ထုတ်လွှတ်ပေးပါတယ်။

Caño Cristales မြစ်ရဲ့ အလှတရားက တစ်နှစ်ပတ်လုံးတော့ မမြင်ရပါဘူး။ မိုးရာသီနဲ့ နွေရာသီ အကူးအပြောင်းကာလဖြစ်တဲ့ ဇွန်လကနေ နိုဝင်ဘာလအထိသာ မြင်တွေ့နိုင်ပါတယ်။ ဒီမြစ်ဟာ အလွန်ကြည်လင်ပြီး သန့်ရှင်းတာကြောင့်လည်း ရေအောက်က အရောင်အသွေးတွေကို အတိုင်းသား မြင်နေရတာပါ။

ကိုလံဘီယာအစိုးရကလည်း ဒီသဘာဝအလှတရား ပျက်စီးမသွားအောင် ခရီးသွားလာခွင့်ကို အထူးကန့်သတ်ပြီး စနစ်တကျ ထိန်းသိမ်းထားပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ဖို့အတွက် လူဦးရေ အကန့်အသတ်နဲ့သာ လာရောက်လည်ပတ်ခွင့် ပေးတာပါ။

Ref: Caño Cristales

NZ (ရိုးရာလေး) 

The post ကမ္ဘာမြေပေါ်က သက်တန့်မြစ် (သို့မဟုတ်) Caño Cristales မြစ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post