နာမည်ကြီးအဆိုတော်မင်းသမီး အိုင်ယူဟာ အနည်းဆုံး ၅ ကြိမ်ထက်မနည်း ရက်ရောစွာလှူဒါန်းမှုနဲ့ သူ့ရဲ့မွေးနေ့ကို ဆင်နွှဲခဲ့ပါတယ်။ သူ့ရဲ့အသက် ၃၃ နှစ်ပြည့်မွေးနေ့အတွက် “IUAENA” (အိုင်ယူနာမည်နဲ့ သူ့ရဲ့တရားဝင် fan club နာမည် UAENA တို့ပေါင်းစပ်ထား) နာမည်နဲ့ ကန်ဒေါ်လာ ၂၀၀၂၈၃ သိန်းလှူဒါန်းခဲ့တယ်လို့ EDAM Entertainment က မေလ ၁၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အိုင်ယူက Asan Medical Center ကို ကန်ဒေါ်လာ ၆၆၇၆၁ နဲ့ Walking With Us Children’s Foundation, Milk Delivery to Check on the Elderly, the Korean Unwed Mothers’ Families Association, and Walk Together အဖွဲ့အစည်းတွေကို ကန်ဒေါ်လာ ၃၃၃၈၁ စီ လှူဒါန်းခဲ့ပါတယ်။
အိုင်ယူရဲ့လှူဒါန်းမှုက ငွေကြေးခက်ခဲကြုံတွေ့နေရတဲ့ လူနာတွေ၊ ငယ်ရွယ်တဲ့ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် ပညာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ ပံ့ပိုးမှုတွေ၊ တစ်ယောက်တည်းနေထိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ အကူအညီလိုအပ်နေတဲ့ မိဘတစ်ဦးတည်းရှိတဲ့ မိသားစုတွေနဲ့ မသန်စွမ်းသူတွေအတွက် အထောက်အကူပစ္စည်းတွေကူညီဖို့အတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။၊
Ref: IU Donates To Multiple Causes On Her Birthday
WL (ရိုးရာလေး)
The post အဆိုတော်မင်းသမီး အိုင်ယူ ရဲ့ မွေးနေ့အလှူ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment