အမေရိကန်ထီပေါက်တာ ၁၈ ကြိမ်ရှိပြီဖြစ်တဲ့ အမျိုးသား

ရောဘတ် ဘီဗန်ဆိုသူဟာ မကြာသေးခင်ကမှ ဒေါ်လာ ၁၀၀၀၀၀၀ King Scratch Game ကနေ ဒေါ်လာ ၅၀၀၀၀ ဆုပေါက်ခဲ့ပါတယ်။ ဒီဆုနဲ့ဆို သူ ထီပေါက်တာ ၁၈ ကြိမ်ရှိပါပြီ။

ရောဘတ်က ကံစမ်းမဲပေါက်တာဟာ အထူးပရိုးမိုးရှင်းတစ်ခုအတွင်း Chevrolet Blazer ကားတစ်စီးပေါက်ခဲ့တဲ့အချိန် ၁၉၉၇ ခုနှစ်မှာ စတင်ခဲ့တာလို့ ပြောပါတယ်။ အဲ့ဒီကတည်းက သူဟာ ငွေသားဆုအသေးကစပြီး အဓိကဆုတွေအထီ ဆုပေါင်းများစွာကို ပေါက်လာခဲ့ပါတယ်။

ထီကံစမ်းတာတွေဟာ ကံကြမ္မာထက် ပျော်ရွှင်မှုကိုပိုဦးစားပေးတာဖြစ်တယ်လို့ သူက ဆိုပါတယ်။ လက်မှတ်တွေဝယ်ယူတာက သူနဲ့သူ့ဇနီးအတွက် နှစ်ပေါင်းများစွာ ပုံမှန်အလေ့အထတစ်ခုဖြစ်လာခဲ့တာပါ။

ဒီလိုထီကံစမ်းမဲပေါက်ပေါက်နေခြင်းရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကို မေးမြန်းတော့ သူ့ဇနီးနဲ့ နှစ် ၄၀ လုံးအတူရှိတာက ကံကောင်းမှုအစစ်အမှန်ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒီဖြေကြားချက်က လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံစုံစိုက်မှုကို ရရှိခဲ့ပါတယ်။

Ref: US Man Who Won Lottery 18 Times Reveals The Secret Behind His Luck

WL (ရိုးရာလေး) 

The post အမေရိကန်ထီပေါက်တာ ၁၈ ကြိမ်ရှိပြီဖြစ်တဲ့ အမျိုးသား appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post