ဒုတိယကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ ဘောလိဝုဒ်မင်းသမီးချော ဒီပီကာ ပဒူကွန်း

ဘောလိဝုဒ်နာမည်ကြီးစုံတွဲဖြစ်တဲ့ မင်းသားရန်းဗီးယာ စင်ဂ်း နဲ့ မင်းသမီးဒီပီကာ ပဒူကွန်းတို့ဟာ ဒုတိယ‌ရင်‌သွေးပို‌င်ဆိုင်ရတော့မယ်ဆိုတာကို ဧပြီ ၁၉ ရက်နေ့မှာ အင်စတာဂရမ်ကတဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ဒီပီကာနဲ့အတူ ကိုယ်ဝန်စစ်တံကို ကိုင်ထားတဲ့ သမီးဖြစ်သူတို့ရဲ့ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ပို့စ်ရဲ့ Caption မှာတော့ နောက်ထပ်ကိုယ်ဝန်ရှိနေပြီလို့တော့ တိုက်ရိုက်ပြောထားခြင်းတော့မရှိပါဘူး။ ပို့စ်တင်ပြီးမကြာခင်မှာပဲ သူတို့စုံတွဲကို ဂုဏ်ပြုစကားဆိုတွေများလာခဲ့ပါတယ်။

နာမည်ကြီးဆုံး ဘောလိဝုဒ်အနုပညာရှင်စုံတွဲအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ရန်းဗီးယာ စင်ဂ်း နဲ့ ဒီပီကာ ပဒူကွန်းတို့ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တာပါ။ အဲ့ဒီကတည်းကစပြီး သူတို့စုံတွဲဟာ လူအများရဲ့အာရုံစိုက်မှုကို ရရှိနေခဲ့တာပါ။

လက်ထပ်ပြီး ၄ နှစ်အကြာ ၂၀၂၂ ခုနှစ်မှာ သူတို့စုံတွဲ ကွာရှင်းလိုက်ပြီဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်နှစ်မှာတော့ သူတို့ရဲသမီးဦးလေးကို လွယ်ထားရပြီဆိုတဲ့ သတင်းနဲ့အတူ ဒီကောလာဟလကို ပျောက်ကွယ်သွားစေခဲ့ပါတယ်။ သူတို့ရဲ့သမီးဦးလေးကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ မွေးဖွားခဲ့ပါတယ်။

Ref:Deepika, Ranveer announce second pregnancy with sweet family post

WL (ရိုးရာလေး)

The post ဒုတိယကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ ဘောလိဝုဒ်မင်းသမီးချော ဒီပီကာ ပဒူကွန်း appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post