တောင်တက်သမားတစ်ယောက်ဟာ အမြင့်ပေ ၂၀၀၀ နီးပါးရှိတဲ့ တောင်ပေါ်ကနေ ပြုတ်ကျခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရခဲ့ပြီး အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ သူဟာ တာရာနာကီတောင်ပေါ် တက်ရောက်ခဲ့တဲ့ တောင်တက်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၉ ရက် မွန်းလွဲပိုင်းက အမြင့်ပေ ၁၉၆၈ ပေရှိတဲ့ တောင်စောင်းကနေ ပြုတ်ကျခဲ့တာပါ။
နွေဦးကာလဖြစ်လို့ ရေခဲတွေပျော်ပြီး ဆီးနှင်းဖုံးလွှမ်းနေချိန်မှာ ဆီးနှင်းပေါ် ပြုတ်ကျခဲ့လို့ တောင်တက်သမား အသက်ဘေးက လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ နယူးဇီလန် ရဲတပ်ဖွဲ့က ဆိုပါတယ်။ တောင်တက်သမား ပြုတ်ကျခဲ့တဲ့ အမြင့်ဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံတစ်လုံးဖြစ်တဲ့ ဆော်ဒီနိုင်ငံမှ မက်ကာကလော့တော်ဝင်တာဝါရဲ့ အမြင့်နဲ့ အတူတူပါပဲ။
တာရာနာကီတောင်ဟာ မီးတောင်သေဖြစ်ပြီး နယူးဇီလန်နိုင်ငံမှာ လူသေဆုံးမှုအများဆုံးတောင်အဖြစ် ကျော်ကြားပါတယ်။
Ref: Mount Taranaki: Climber survives 600m fall with minor injuries
NZ ( ရိုးရာလေး)
The post အမြင့်ပေ ၂၀၀၀ နီးပါးက ပြုတ်ကျခဲ့ပေမဲ့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ တောင်တက်သမား appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment