ဒေးဗစ် ဆေးလ်ဗားက ယခုရာသီ ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီးကို အာဆင်နယ်တစ်သင်းတည်းသာ စိန်ခေါ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီ စီးတီးရဲ့ အနီးစပ်ဆုံးပြိုင်ဘက်တွေဖြစ်ခဲ့တာဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီ ဆုဖလား ၃ လုံးတပြိုင်နက်ရရှိခဲ့တဲ့ ဂွါဒီယိုလာရဲ့အသင်းနဲ့ ၅ မှတ်အကွာမှာ ရာသီပြီးဆုံးခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီမှာ ဒီကလန် ရိုက်ကို ခေါ်ယူပြီး ကွင်းလယ်ကို အင်အားဖြည့်တင်းပြီးနောက် ၂၀၂၃-၂၀၂၄ ရာသီမှာ ၄ ပွဲမှာ ၃ ပွဲအထိ အနိုင်ရရှိထားပြီး ယခုရာသီမှာ စီးတီးကို အာတီတာရဲ့အသင်းကသာ နောက်ထပ်တစ်ကြိမ် စိန်ခေါ်နိုင်မယ်လို့ ဆေးလ်ဗားက ယုံကြည်နေတာဖြစ်ပါတယ်။
“စီးတီးက အံ့အားသင့်စရာကစားသမားအချို့နဲ့ အံ့အားသင့်စရာအသင်းပါ။ ဒါက ပက်ရဲ့ မန်စီးတီးမှာ ၈ ရာသီမြောက်ရာသီပါ။ ပထမဆုံးနှစ်မှာ သူက ပရီးမီးယားလိဂ်နဲ့ အသားကျသွားခဲ့တယ်။ ဒါပေမယ့် အခု သူတို့က ရပ်တန့်လို့မရနိုင်လုနီးပါး ဖြစ်နေပါပြီ။ အာဆင်နယ်က စီးတီးကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေး ရှိကောင်းရှိနိုင်တဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ကျွန်တော် မြင်ပါတယ်။ ကျန်တဲ့အသင်းတွေလား။ ကျွန်တော်ကတော့ သူတို့တွေ စီးတီးကို စိန်ခေါ်နိုင်မယ်လို့ မထင်ပါဘူး။ ကျွန်တော် ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ စီးတီးပွဲအားလုံးနီးပါးကြည့်ခဲ့တယ်။ ကျွန်တော် အဲဒီမှာ ရှိခဲ့တုန်းက ချန်ပီယံလိဂ်မရခဲ့ပေမယ့် အသင်းက နောက်ဆုံးမှာ အဲဒါကို လုပ်နိုင်ခဲ့လို့ အရမ်းပျော်ရွှင်မိပါတယ်။သူတို့တွေက အဲဒီဖလားနဲ့ထိုက်တန်ပါတယ်။ ပရိသတ်တွေကလည်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ၃ လုံးတပြိုင်နက်ရရှိဖို့ ထိုက်တန်ပါတယ်။ အဲဒါက အံ့အားသင့်စရာ အောင်မြင်မှုဖြစ်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ေဒးဗစ္ ေဆးလ္ဗားက ယခုရာသီ ပရီးမီးယားလိဂ္ဖလားအတြက္ မန္စီးတီးကို အာဆင္နယ္တစ္သင္းတည္းသာ စိန္ေခၚႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။
အာတီတာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ရာသီ စီးတီးရဲ႕ အနီးစပ္ဆုံးၿပိဳင္ဘက္ေတြျဖစ္ခဲ့တာျဖစ္ေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီ ဆုဖလား ၃ လုံးတၿပိဳင္နက္ရရွိခဲ့တဲ့ ဂြါဒီယိုလာရဲ႕အသင္းနဲ႔ ၅ မွတ္အကြာမွာ ရာသီၿပီးဆုံးခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ယခုေႏြရာသီမွာ ဒီကလန္ ႐ိုက္ကို ေခၚယူၿပီး ကြင္းလယ္ကို အင္အားျဖည့္တင္းၿပီးေနာက္ ၂၀၂၃-၂၀၂၄ ရာသီမွာ ၄ ပြဲမွာ ၃ ပြဲအထိ အႏိုင္ရရွိထားၿပီး ယခုရာသီမွာ စီးတီးကို အာတီတာရဲ႕အသင္းကသာ ေနာက္ထပ္တစ္ႀကိမ္ စိန္ေခၚႏိုင္မယ္လို႔ ေဆးလ္ဗားက ယုံၾကည္ေနတာျဖစ္ပါတယ္။
“စီးတီးက အံ့အားသင့္စရာကစားသမားအခ်ိဳ႕နဲ႔ အံ့အားသင့္စရာအသင္းပါ။ ဒါက ပက္ရဲ႕ မန္စီးတီးမွာ ၈ ရာသီေျမာက္ရာသီပါ။ ပထမဆုံးႏွစ္မွာ သူက ပရီးမီးယားလိဂ္နဲ႔ အသားက်သြားခဲ့တယ္။ ဒါေပမယ့္ အခု သူတို႔က ရပ္တန႔္လို႔မရႏိုင္လုနီးပါး ျဖစ္ေနပါၿပီ။ အာဆင္နယ္က စီးတီးကို စိန္ေခၚႏိုင္တဲ့ အခြင့္အေရး ရွိေကာင္းရွိႏိုင္တဲ့ တစ္သင္းတည္းေသာအသင္းအျဖစ္ ကြၽန္ေတာ္ ျမင္ပါတယ္။ က်န္တဲ့အသင္းေတြလား။ ကြၽန္ေတာ္ကေတာ့ သူတို႔ေတြ စီးတီးကို စိန္ေခၚႏိုင္မယ္လို႔ မထင္ပါဘူး။ ကြၽန္ေတာ္ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္မွာ စီးတီးပြဲအားလုံးနီးပါးၾကည့္ခဲ့တယ္။ ကြၽန္ေတာ္ အဲဒီမွာ ရွိခဲ့တုန္းက ခ်န္ပီယံလိဂ္မရခဲ့ေပမယ့္ အသင္းက ေနာက္ဆုံးမွာ အဲဒါကို လုပ္ႏိုင္ခဲ့လို႔ အရမ္းေပ်ာ္႐ႊင္မိပါတယ္။သူတို႔ေတြက အဲဒီဖလားနဲ႔ထိုက္တန္ပါတယ္။ ပရိသတ္ေတြကလည္း ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလား ၃ လုံးတၿပိဳင္နက္ရရွိဖို႔ ထိုက္တန္ပါတယ္။ အဲဒါက အံ့အားသင့္စရာ ေအာင္ျမင္မႈျဖစ္ခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post မန်စီးတီးကို စိန်ခေါ်နိုင်မယ့်အသင်း တစ်သင်းတည်းရှိတယ်ဆိုတဲ့ ဆေးလ်ဗား first appeared on Sports A2Z.
Your new digest 50
Post a Comment