နှစ်ဖက်သောမိဘဆွေမျိုးတွေကို သက်သေပြုကာ စေ့စပ်မင်္ဂလာပွဲလေးပြုလုပ်ခဲ့တဲ့ အဆိုတော် ထွန်းနောင်ဆင့်နဲ့ နန့်ချစ်နဒီဇော်




Credit

unicode

ပရိသတ်ကြီးရေ.. အဆိုတော်မ လေး နန့်ချစ်နဒီဇော်ကတော့ သီချင်းဆိုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ရင်းနဲ့ အောင်မြင်မှုရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန့်ချစ်နဒီဇော်ဟာ အဆိုတော်တစ် ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက် အဖြစ်လည်း ဇာတ်လမ်းတွဲအချိုမှာ ပါဝင်သရုပ်ဆောင် ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ နန့်ချစ် နဒီဇော်က သူမရဲ့ ဝမ်း သာစရာ မင်္ဂလာသတင်းကောင်း လေးတစ်ခုကို မျှဝေလာပါ တယ်။

နန့်ချစ် နဒီဇော်က “ရှေးဦးစွာ ဘုရားသခင်ရဲ့ကျေးဇူး တော်ကို ချီးမွမ်းပါတယ် မိဘဆွေမျိုးများဆီက ရတဲ့ ကောင်းကြီး နှင့်တကွ ဝိညာဉ်ရေးရာ ခေါင်းဆောင် ဆရာဆရာမများပေးတဲ့ ကောင်းကြီးကြောင့် အစစအရာရာ အဆင်ပြေတာထက်ကို ပိုခဲ့ပါတယ်။ အားလုံးကို အရမ်းကျေးဇူးတင်သလို ပျော်အောင်ထား ပေးတဲ့ သူ့ကိုလည်း ကျေးဇူးတင်ပါတယ် Love You So Much Htun Naung Sint P” ဆိုပြီး သူမနဲ့ အဆိုတော် ထွန်းနောင်ဆင့် ရဲ့ စေ့စပ်မင်္ဂလာပွဲလေးအကြောင်းကို ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ထွန်းနောင်ဆင့်ဟာလည်း The X Factor Season (2) Winner ဆုရှင် အဆိုတော်တစ်ယောက်ဖြစ်ပြီး ဇာတ်လမ်းတွဲတချိုမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ နန့်ချစ် နဒီဇော်နဲ့ ထွန်းနောင်ဆင့်တိုကတော့ သူတိုရဲ့အချစ်ရေးကို သိုသိပ်စွာလျှိဝှက်ထားခဲ့ပြီး စေ့စပ်မင်္ဂလာပွဲပြုလုပ်တဲ့အခါမှသာ ပရိသတ်ကို အသိပေးခဲ့တာဖြစ်ပါ တယ်။

Credit

The post နှစ်ဖက်သောမိဘဆွေမျိုးတွေကို သက်သေပြုကာ စေ့စပ်မင်္ဂလာပွဲလေးပြုလုပ်ခဲ့တဲ့ အဆိုတော် ထွန်းနောင်ဆင့်နဲ့ နန့်ချစ်နဒီဇော် appeared first on Shwe Sar.


Your new digest 50

Post a Comment

Previous Post Next Post