သားငါးရောင်းသူများထက် အကုသိုလ်ပိုကြီးနေသည့် ငှက်ပျောသီးသည် (သို) သမ္မာအာဇီဝဖြင့် အကုသိုလ်ယူကြသူများ
မြန်မာပြည်မှာ ငှက်ပျောသီးကို အစားအသောက်မှာမှ ဖီးကြမ်းငှက်ပျောသီးက မြန်မာပြည်မှာ ရောင်းရအကောင်းဆုံးစာရင်းထဲကအရာ။ ဖီးကြမ်းငှက်ပျောသီးကခွန်အားကို ဖြစ်စေတယ်။ မွေးပြီးလသား ကလေးအရွယ်မှစကာလူရွယ်၊ လူလတ်၊ သက်ကြီး ပိုင်းတွေအတွက်ခွန်အားဖြစ်စေလို့ စားကြတယ်။ရန်ကုန်မြို့ဗားဂရာကမ်းနားမှာငှက်ပျောသီး၊ အုန်းသီးဒိုင်တွေအများကြီးရှိတယ်။
သည်နေရာကမှ ရန်ကုန်မြို့ရဲ့ မြို့နယ်အသီးသီးကို ဖြန့်ချိတယ်။ ပွဲထိုး၊ နတ်ဆက်တဲ့ရေသီငှက်ပျောသီးယူမလား (ရခိုင်ငှက်ပျောလို့လည်းခေါ်ကြတယ်)၊ ဖီး ကြမ်း၊ သီးမွှေးနဲ့ ရွှေငှက်ပျောသီးတွေရတယ်။ ရာသီပေါ်ဖြစ်တဲ့ သရက်သီးနဲ့ ကြံတို့ကိုလည်း သည်ကမ်းနားကပဲ ဖြန်ချိတယ်။ ရှမ်းပြည်နယ်နဲ့ အထက်မြန်မာပြည်ကလာတဲ့သရက်သီးတွေကတော့ ကုန်းလမ်းနဲ့ သီရိမင်္ဂလာဈေးကို
တိုက်ရိုက်ဝင်တယ်။ကမ်းနားမှာ ငှက်ပျောသီးတွေအဝင်များတဲ့အခါမှာ ဈေးအလွန်ပေါပေမဲ့ရှားပြီဆိုရင်တော့လုံးဝမမြင်ရဘူး။ သည်အချိန်မျိုးမှာငှက်ပျောပွဲစားတွေပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ်။ ပိုက်ဆံရှိရင် ရွှေဘုံသာလမ်းသွားပြီး အချိန်မရွေးရွှေကိုဝယ်ယူလို့ ရပေမဲ့ငှက်ပျောသီးကိုတော့ရှားလာပြီဆိုရင် ဘယ်လောက်ပေးပေးဝယ်မရဘူးဆိုတဲ့တင်စားတဲ့စကားရှိကြတယ်။
မြန်မာလူမျိုးတွေဟာကလေးမွေးပြီးခြောက်လလောက်အကြာမှာဖီးကြမ်းငှက်ပျောသီးကို အခွံကို အပ်နဲ့အပေါက်လေးတွေဖောက်တယ် (ငှက်ပျောသီးရဲ့ အစေးဓာတ်တွေထွက်ကုန်အောင်ပေါ့)။ ပြီးတော့မီး ဖုတ်တယ်။ ကလေးငယ်ကို ကျွေးတယ်။ ကလေးနို့တိုက်စဉ်မှာမိခင်ကအစားရှောင် ရ၏။ ဒါကိုလည်းသိပ်ပြီးလိုက်နာလိုဟန်မရှိ။သည်တော့မိခင်နို့ကိုအားပြုရမည့်အစားလသားနှင့်
ဖြည့်စွက်အစာတို့ ကျွေးလေတော့၏။ ထမင်းကို ပိတ်စိမ်းပါးနှင့်တိုက်ပြီးသုံးလလောက်နှင့်ကလေးကို ခွံ့သူရှိ၏။ အဓိကလက်မလွှတ်တာကတော့ ဖီးကြမ်းပါ။တကယ်တမ်းမြို့နယ်အတွင်းကငှက်ပျောသီးသည်များဖီးကြမ်းရောင်းစားပုံကိုလေ့လာဖူးပါသလားဟု ပြည်သူတွေကိုမေးလို၏။ငှက်ပျောသီးသည်များအားလုံးသည်နတ်ပွဲဆက်သည့်ရေသီ (ခေါ်) ရခိုင်ငှက်ပျောမှတစ်ပါး
ကျန်ငှက်ပျောသီးများအားလုံးကိုဆေးဆွတ်ကြ၏။ ဆေးဆွတ်ပုံမှာငှက်ပျောသီးများကိုအခိုင်မှအဖီးလိုက်ဖြတ်ကြ၏။ ပြီးလျှင်အဝတ်လျှော်ဇလုံအရွယ်အစားလောက်ရှိသော ဇလုံထဲတွင်ရေလေးပုံသုံးပုံခန့်ထည့်မည်။ ထိုအထဲသို့ အိမ်နီးချင်း သို့မဟုတ်ပေါင်ဖော်တို့တိုင်း ပြည်မှလာသောအသီးအနှံအမြန်မှည့်သော ဆေးကိုလစ်ပိုပုလင်းအဖုံးတစ်ဖုံးစာခန့်ထည့်၍ရောမွှေမည်။
ထိုဆေးအရည်ဖျော်စပ်ထားသောဇလုံအတွင်းသို့ဆစ်ပိုင်းထားသောငှက်ပျောသီးများကိုတစ်ဖီးချင်းနှစ်ပြီးသပ်သပ်ရပ်ရပ်စီထားကာ အပေါ်မှငှက်ပျောဖက်ဖြင့်အုပ်ထားလျှင်မိုးသည်းထန်စွာရွာ၍နေရောင်လုံးဝမရသောနေ့များမှာပင် ယနေ့လိုနေ့လယ်ကစပြီးအုပ်ထားပါကနက်ဖြန်မနက်တွင်ခပ်တင်းတင်းအနေအထားဖြင့် မှည့်လာသည်။ သန်ဘက်ခါမနက်တွင်မူခပ်ပျော့ပျော့
အနေအထားဖြစ်လာပြီးနောက်တစ်ရက်ဆိုလျှင်တော့ ငှက်ပျောသီး၏အညှာပိုင်းများစပြီးမဲပုပ်လာတော့၏။ သူတို့ဇလုံထဲသို့တစ်ချက်မျှသာနှစ်လိုက်သောဆေး၏။ အပူဓာတ်သည်မည်မျှပြင်းသည်ကို ခန့်မှန်းကြည့်နိုင်ပါပြီ။ရေသီခေါ်ရခိုင်ငှက်ပျောသီးကိုမူအရောင်းအဝယ်ဈေးတည့်ပြီးမှရေဆေးပေးသလိုလိုဖြင့်ဇလုံထဲတစ်ချက်နှစ်ကာပြန်ပေးလိုက်၏။ငှက်ပျောဖက်ဖြင့်အုပ်မထားသောကြောင့်
သုံးလေးရက်ကြာမှ မှည့်တတ်၏။ ဒါကိုပင်အဘကချစ်လို့အပျော် မြန်တာဟုဆိုကာပျော်နေကြသူများ ရှိသေးသည်။ငှက်ပျောသီးသည်ပျော့လာလျှင်ပင် လူသိပ်မကြိုက်တော့ပေ။ ထိုအခါအမှည့်မြန်သောဆေးလည်း အုပ်ထားပြီးဖြစ်၍အမြန်ရောင်းထွက်ရန် ဈေးသည်တို့ ကြိုးစားလာကြ၏။ အဖီးလိုက်ရောင်းသလို ငှက်ပျောသီးဈေးကွက်ပေါ်မူတည်၍အဖီးကို ဖြတ်တောက်ပြီးငှက်ပျောသီး
သုံးလုံးတစ်ပုံ၊ လေးလုံးတစ်ပုံနှုန်းဖြင့်ဗန်းထဲသို့ထည့်ကာတစ်ပုံ ၅၀ဝ ကျပ်ဖြင့်ရောင်းကြတော့သည်။ဤသို့ရောင်းခြင်းက ပို၍ရောင်းအားကောင်းပြီးအကုန်မြန်၏။အကြောင်းမှာငွေတတ်နိုင်၍အဖီးလိုက်ဝယ်သွားသော ငှက်ပျောသီး ဆေးအုပ်မှာလည်းနောက်နေ့မနက်တွင်အိမ်သားများစားမကုန်မီပျော်ပြီးနောက်တစ်ရက်မှာပုပ်ကာလွှင့်ပစ်ရသောကြောင့်တစ်နိုင်တစ်ပိုင်ငါးရာဖိုးအပုံကလေး
များဝယ်စားခြင်းဖြင့်လွှင့်မပစ်ရတော့ပေ။ ရောင်းသူလည်းရောင်းအားကောင်းပြီးဝယ်သူလည်းအဆင်ပြေ၏။အဆင်မပြေသည်ကမွေးဖွားပြီးမကြာမီအချိန်မှသေဆုံးခါနီးအထိလူတန်းစားအသီးသီးစားနေကြသောထိုဖီးကြမ်း ငှက်ပျောသီးတို့အားမှည့်ဆေးများအုပ်ပြီး စားသောက်ကြရခြင်း၊ အသီးအနှံအလုံးအထည် ပမာဏကြီးမားလှပသည်ကိုမက်မော၍ပြင်ပမှတင်သွင်းလာသော
သဘာဝမျိုးစေ့မဟုတ်သောမျိုးစေ့များကို သဘာဝမြေဩဇာမဟုတ်သောဓာတ်မြေ ဩဇာတို့ဖြင့်စိုက်ပျိုးထားသောအစားအသောက် သီးနှံများကိုစားရသောပြည်သူတို့အတွက်အဆမတန်အန္တရာယ်များနေသည်ကိုတော့မည်သည့် ဆရာဝန်မှမငြင်းရဲသည်မှာအမှန်ပင်။မြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင် ကင်ဆာရောဂါ ဒုတိယအဖြစ်အများဆုံးတိုင်းပြည်ဖြစ်နေရခြင်းမှာဤသည်လည်းအချက်
တစ်ခုအနေဖြင့်ပါဝင်နေ၏။ ငှက်ပျောသီးရောင်းသူများသေချာစဉ်းစားကြစေလို၏။ အကုသိုလ်အလုပ်ဖြင့်အသက်မမွေးချင်လို့အသီးအနှံရောင်းစားခါမှသားငါးရောင်းသူထက် အကုသိုလ်ပိုများသည့်အဖြစ်ကိုရောက်ရှိနေပြီဆိုတာတွေးမိကြပါရဲ့လားဟု စိုက်ပျိုးသောတောင်သူဦးကြီးတို့ကိုလည်း မေးလို၏။အထက်ပါ အကြောင်းအရာတို့ကိုကျွန်တော့်၏ညီအရင်းသဖွယ်ဖြစ်နေသော
မြောက်ဒဂုံအမှတ်၅ဈေးမှငှက်ပျောသီးရောင်းသောမောင်ဇော်အားလက်တွေ့တရားဟော၏။ ငှက်ပျောခိုင်မှငှက်ပျောသီးအချို့ကိုသဘာဝအတိုင်းမှည့်စေ၏။ ပြီးလျှင်ဒါကဆေးစိမ်၊ ဒါကသဘာဝအမှည့်ဟုပြောပြီးရောင်းချစေ၏။ ဈေးနှုန်းကိုလည်းငှက်ပျောသီးတစ်ဖီးလျှင် ၄၀ဝ ကျပ်လောက်ပိုတင်ထား၏။ သို့သော်လူတို့သည်မျက်စိနားများပွင့်လာကြပြီဖြစ်၍ဆေးစိမ်ငှက်ပျောထက်
ဈေးကြီးသောသဘာဝအမှည့်များကိုပို၍အဝယ် လိုက်ကြ၏။ထို့ကြောင့် အခြားငှက်ပျောသီးရောင်းသူများကိုလည်းကျွန်တော်တိုက်တွန်းလိုသည်။ ကျွန်တော်ပေးသည့်နည်းလမ်းကို စမ်းကြည့်ပါ။ မောင်ဇော့်လိုအောင်မြင်လာပြီးအဆင်ပြေလာပါလိမ့်မည်။ သူဌေးမဖြစ်ဘဲထမင်းစားရရုံရှာဖွေသည့်အလုပ်မှာငရဲမပါကြပါစေနဲ့။ တခြားသီးနှံစိုက်ပျိုးသောတောင်သူများအားလည်း
သဘာဝအတိုင်းသာစိုက်ပျိုးကြပါမြေဆီလုံးဝညံ့ ဖျင်းသောဒေသများမှလွဲ၍ပေါ့။ သဘာဝမျိုးစေ့တွေကိုနိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် လှိုင်လှိုင်ဖြန့်ဝေပေးပါ။သည်ကိစ္စသည်အနာဂတ်နိုင်ငံတော် အတွက် ခပ်ပေါ့ပေါ့ပစ်ထားရမည့်အရာမဟုတ်ပါ။ ယခုကတည်းကစီမံကိန်းဖြင့်စတင်လျှင်နောင်အနှစ်၂၀မှာတိုင်းပြည်တစ်ပြည်လုံး သဘာဝအသီးအနှံများဖြင့်ပြန်လည်စားသောက်နိုင်မည့်
အပြင်နိုင်ငံရပ်ခြားသို့ပင်တင်ပို့နိုင်လောက်ပါသည်။ယခုတော့ ဆရာဝန်ကလည်း သင်ထားသော စာအရ အသီးအနှံများစားခိုင်း၏။ အောက်ခြေအထိလေ့လာထားသောကျွန်တော်တို့မှာဘယ်အသီးအနှံက ဆေးနဲ့ လွတ်သလဲ၊ သဘာဝစစ်စစ်လဲလိုက်လံရှာဖွေစားသောက်နေရ၏။ ဒါတောင်ဆေးနဲ့လွတ်တာရှာမရသလောက်ပါ။
ကိုယ့်အိမ်မှာကိုယ်စိုက်ပြီး စားရမယ့်ကိန်းပေါ်နေသော်လည်း မြေကမရှိ။ လုပ်ကြပါဦးအုပ်ချုပ်သူတို့ရေဟုပင်ဟစ်လိုက်ချင်တော့သည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။
ခရက်ဒစ် ကိုမို
သားငါးေရာင္းသူမ်ားထက္ အကုသိုလ္ပိုႀကီးေနသည့္ ငွက္ေပ်ာသီးသည္ (သို) သမၼာအာဇီဝျဖင့္ အကုသိုလ္ယူၾကသူမ်ား
ျမန္မာျပည္မွာ ငွက္ေပ်ာသီးကို အစားအေသာက္မွာမွ ဖီးၾကမ္းငွက္ေပ်ာသီးက ျမန္မာျပည္မွာ ေရာင္းရအေကာင္းဆုံးစာရင္းထဲကအရာ။ ဖီးၾကမ္းငွက္ေပ်ာသီးကခြန္အားကို ျဖစ္ေစတယ္။ ေမြးၿပီးလသား ကေလးအရြယ္မွစကာလူရြယ္၊ လူလတ္၊ သက္ႀကီး ပိုင္းေတြအတြက္ခြန္အားျဖစ္ေစလို႔ စားၾကတယ္။ရန္ကုန္ၿမိဳ႕ဗားဂရာကမ္းနားမွာငွက္ေပ်ာသီး၊ အုန္းသီးဒိုင္ေတြအမ်ားႀကီးရွိတယ္။
သည္ေနရာကမွ ရန္ကုန္ၿမိဳ႕ရဲ့ ၿမိဳ႕နယ္အသီးသီးကို ျဖန႔္ခ်ိတယ္။ ပြဲထိုး၊ နတ္ဆက္တဲ့ေရသီငွက္ေပ်ာသီးယူမလား (ရခိုင္ငွက္ေပ်ာလို႔လည္းေခၚၾကတယ္)၊ ဖီး ၾကမ္း၊ သီးေမႊးနဲ႔ ေရႊငွက္ေပ်ာသီးေတြရတယ္။ ရာသီေပၚျဖစ္တဲ့ သရက္သီးနဲ႔ ႀကံတို႔ကိုလည္း သည္ကမ္းနားကပဲ ျဖန္ခ်ိတယ္။ ရွမ္းျပည္နယ္နဲ႔ အထက္ျမန္မာျပည္ကလာတဲ့သရက္သီးေတြကေတာ့ ကုန္းလမ္းနဲ႔ သီရိမဂၤလာေဈးကို
တိုက္ရိုက္ဝင္တယ္။ကမ္းနားမွာ ငွက္ေပ်ာသီးေတြအဝင္မ်ားတဲ့အခါမွာ ေဈးအလြန္ေပါေပမဲ့ရွားၿပီဆိုရင္ေတာ့လုံးဝမျမင္ရဘူး။ သည္အခ်ိန္မ်ိဳးမွာငွက္ေပ်ာပြဲစားေတြေျပာေလ့ရွိတဲ့စကားတစ္ခြန္းရွိတယ္။ ပိုက္ဆံရွိရင္ ေရႊဘုံသာလမ္းသြားၿပီး အခ်ိန္မေရြးေရႊကိုဝယ္ယူလို႔ ရေပမဲ့ငွက္ေပ်ာသီးကိုေတာ့ရွားလာၿပီဆိုရင္ ဘယ္ေလာက္ေပးေပးဝယ္မရဘူးဆိုတဲ့တင္စားတဲ့စကားရွိၾကတယ္။
ျမန္မာလူမ်ိဳးေတြဟာကေလးေမြးၿပီးေျခာက္လေလာက္အၾကာမွာဖီးၾကမ္းငွက္ေပ်ာသီးကို အခြံကို အပ္နဲ႔အေပါက္ေလးေတြေဖာက္တယ္ (ငွက္ေပ်ာသီးရဲ့ အေစးဓာတ္ေတြထြက္ကုန္ေအာင္ေပါ့)။ ၿပီးေတာ့မီး ဖုတ္တယ္။ ကေလးငယ္ကို ေကၽြးတယ္။ ကေလးနို႔တိုက္စဥ္မွာမိခင္ကအစားေရွာင္ ရ၏။ ဒါကိုလည္းသိပ္ၿပီးလိုက္နာလိုဟန္မရွိ။သည္ေတာ့မိခင္နို႔ကိုအားျပဳရမည့္အစားလသားႏွင့္
ျဖည့္စြက္အစာတို႔ ေကၽြးေလေတာ့၏။ ထမင္းကို ပိတ္စိမ္းပါးႏွင့္တိုက္ၿပီးသုံးလေလာက္ႏွင့္ကေလးကို ခြံ့သူရွိ၏။ အဓိကလက္မလႊတ္တာကေတာ့ ဖီးၾကမ္းပါ။တကယ္တမ္းၿမိဳ႕နယ္အတြင္းကငွက္ေပ်ာသီးသည္မ်ားဖီးၾကမ္းေရာင္းစားပုံကိုေလ့လာဖူးပါသလားဟု ျပည္သူေတြကိုေမးလို၏။ငွက္ေပ်ာသီးသည္မ်ားအားလုံးသည္နတ္ပြဲဆက္သည့္ေရသီ (ေခၚ) ရခိုင္ငွက္ေပ်ာမွတစ္ပါး
က်န္ငွက္ေပ်ာသီးမ်ားအားလုံးကိုေဆးဆြတ္ၾက၏။ ေဆးဆြတ္ပုံမွာငွက္ေပ်ာသီးမ်ားကိုအခိုင္မွအဖီးလိုက္ျဖတ္ၾက၏။ ၿပီးလၽွင္အဝတ္ေလၽွာ္ဇလုံအရြယ္အစားေလာက္ရွိေသာ ဇလုံထဲတြင္ေရေလးပုံသုံးပုံခန႔္ထည့္မည္။ ထိုအထဲသို႔ အိမ္နီးခ်င္း သို႔မဟုတ္ေပါင္ေဖာ္တို႔တိုင္း ျပည္မွလာေသာအသီးအႏွံအျမန္မွည့္ေသာ ေဆးကိုလစ္ပိုပုလင္းအဖုံးတစ္ဖုံးစာခန႔္ထည့္၍ေရာေမႊမည္။
ထိုေဆးအရည္ေဖ်ာ္စပ္ထားေသာဇလုံအတြင္းသို႔ဆစ္ပိုင္းထားေသာငွက္ေပ်ာသီးမ်ားကိုတစ္ဖီးခ်င္းႏွစ္ၿပီးသပ္သပ္ရပ္ရပ္စီထားကာ အေပၚမွငွက္ေပ်ာဖက္ျဖင့္အုပ္ထားလၽွင္မိုးသည္းထန္စြာရြာ၍ေနေရာင္လုံးဝမရေသာေန႔မ်ားမွာပင္ ယေန႔လိုေန႔လယ္ကစၿပီးအုပ္ထားပါကနက္ျဖန္မနက္တြင္ခပ္တင္းတင္းအေနအထားျဖင့္ မွည့္လာသည္။ သန္ဘက္ခါမနက္တြင္မူခပ္ေပ်ာ့ေပ်ာ့
အေနအထားျဖစ္လာၿပီးေနာက္တစ္ရက္ဆိုလၽွင္ေတာ့ ငွက္ေပ်ာသီး၏အညႇာပိုင္းမ်ားစၿပီးမဲပုပ္လာေတာ့၏။ သူတို႔ဇလုံထဲသို႔တစ္ခ်က္မၽွသာႏွစ္လိုက္ေသာေဆး၏။ အပူဓာတ္သည္မည္မၽွျပင္းသည္ကို ခန႔္မွန္းၾကည့္နိုင္ပါၿပီ။ေရသီေခၚရခိုင္ငွက္ေပ်ာသီးကိုမူအေရာင္းအဝယ္ေဈးတည့္ၿပီးမွေရေဆးေပးသလိုလိုျဖင့္ဇလုံထဲတစ္ခ်က္ႏွစ္ကာျပန္ေပးလိုက္၏။ငွက္ေပ်ာဖက္ျဖင့္အုပ္မထားေသာေၾကာင့္
သုံးေလးရက္ၾကာမွ မွည့္တတ္၏။ ဒါကိုပင္အဘကခ်စ္လို႔အေပ်ာ္ ျမန္တာဟုဆိုကာေပ်ာ္ေနၾကသူမ်ား ရွိေသးသည္။ငွက္ေပ်ာသီးသည္ေပ်ာ့လာလၽွင္ပင္ လူသိပ္မႀကိဳက္ေတာ့ေပ။ ထိုအခါအမွည့္ျမန္ေသာေဆးလည္း အုပ္ထားၿပီးျဖစ္၍အျမန္ေရာင္းထြက္ရန္ ေဈးသည္တို႔ ႀကိဳးစားလာၾက၏။ အဖီးလိုက္ေရာင္းသလို ငွက္ေပ်ာသီးေဈးကြက္ေပၚမူတည္၍အဖီးကို ျဖတ္ေတာက္ၿပီးငွက္ေပ်ာသီး
သုံးလုံးတစ္ပုံ၊ ေလးလုံးတစ္ပုံႏႈန္းျဖင့္ဗန္းထဲသို႔ထည့္ကာတစ္ပုံ ၅၀ဝ က်ပ္ျဖင့္ေရာင္းၾကေတာ့သည္။ဤသို႔ေရာင္းျခင္းက ပို၍ေရာင္းအားေကာင္းၿပီးအကုန္ျမန္၏။အေၾကာင္းမွာေငြတတ္နိုင္၍အဖီးလိုက္ဝယ္သြားေသာ ငွက္ေပ်ာသီး ေဆးအုပ္မွာလည္းေနာက္ေန႔မနက္တြင္အိမ္သားမ်ားစားမကုန္မီေပ်ာ္ၿပီးေနာက္တစ္ရက္မွာပုပ္ကာလႊင့္ပစ္ရေသာေၾကာင့္တစ္နိုင္တစ္ပိုင္ငါးရာဖိုးအပုံကေလး
မ်ားဝယ္စားျခင္းျဖင့္လႊင့္မပစ္ရေတာ့ေပ။ ေရာင္းသူလည္းေရာင္းအားေကာင္းၿပီးဝယ္သူလည္းအဆင္ေျပ၏။အဆင္မေျပသည္ကေမြးဖြားၿပီးမၾကာမီအခ်ိန္မွေသဆုံးခါနီးအထိလူတန္းစားအသီးသီးစားေနၾကေသာထိုဖီးၾကမ္း ငွက္ေပ်ာသီးတို႔အားမွည့္ေဆးမ်ားအုပ္ၿပီး စားေသာက္ၾကရျခင္း၊ အသီးအႏွံအလုံးအထည္ ပမာဏႀကီးမားလွပသည္ကိုမက္ေမာ၍ျပင္ပမွတင္သြင္းလာေသာ
သဘာဝမ်ိဳးေစ့မဟုတ္ေသာမ်ိဳးေစ့မ်ားကို သဘာဝေျမဩဇာမဟုတ္ေသာဓာတ္ေၿမ ဩဇာတို႔ျဖင့္စိုက္ပ်ိဳးထားေသာအစားအေသာက္ သီးႏွံမ်ားကိုစားရေသာျပည္သူတို႔အတြက္အဆမတန္အႏၲရာယ္မ်ားေနသည္ကိုေတာ့မည္သည့္ ဆရာဝန္မွမျငင္းရဲသည္မွာအမွန္ပင္။ျမန္မာနိုင္ငံသည္ကမၻာေပၚတြင္ ကင္ဆာေရာဂါ ဒုတိယအျဖစ္အမ်ားဆုံးတိုင္းျပည္ျဖစ္ေနရျခင္းမွာဤသည္လည္းအခ်က္
တစ္ခုအေနျဖင့္ပါဝင္ေန၏။ ငွက္ေပ်ာသီးေရာင္းသူမ်ားေသခ်ာစဥ္းစားၾကေစလို၏။ အကုသိုလ္အလုပ္ျဖင့္အသက္မေမြးခ်င္လို႔အသီးအႏွံေရာင္းစားခါမွသားငါးေရာင္းသူထက္ အကုသိုလ္ပိုမ်ားသည့္အျဖစ္ကိုေရာက္ရွိေနၿပီဆိုတာေတြးမိၾကပါရဲ့လားဟု စိုက္ပ်ိဳးေသာေတာင္သူဦးႀကီးတို႔ကိုလည္း ေမးလို၏။အထက္ပါ အေၾကာင္းအရာတို႔ကိုကၽြန္ေတာ့္၏ညီအရင္းသဖြယ္ျဖစ္ေနေသာ
ေျမာက္ဒဂုံအမွတ္၅ေဈးမွငွက္ေပ်ာသီးေရာင္းေသာေမာင္ေဇာ္အားလက္ေတြ႕တရားေဟာ၏။ ငွက္ေပ်ာခိုင္မွငွက္ေပ်ာသီးအခ်ိဳ႕ကိုသဘာဝအတိုင္းမွည့္ေစ၏။ ၿပီးလၽွင္ဒါကေဆးစိမ္၊ ဒါကသဘာဝအမွည့္ဟုေျပာၿပီးေရာင္းခ်ေစ၏။ ေဈးႏႈန္းကိုလည္းငွက္ေပ်ာသီးတစ္ဖီးလၽွင္ ၄၀ဝ က်ပ္ေလာက္ပိုတင္ထား၏။ သို႔ေသာ္လူတို႔သည္မ်က္စိနားမ်ားပြင့္လာၾကၿပီျဖစ္၍ေဆးစိမ္ငွက္ေပ်ာထက္
ေဈးႀကီးေသာသဘာဝအမွည့္မ်ားကိုပို၍အဝယ္ လိုက္ၾက၏။ထို႔ေၾကာင့္ အျခားငွက္ေပ်ာသီးေရာင္းသူမ်ားကိုလည္းကၽြန္ေတာ္တိုက္တြန္းလိုသည္။ ကၽြန္ေတာ္ေပးသည့္နည္းလမ္းကို စမ္းၾကည့္ပါ။ ေမာင္ေဇာ့္လိုေအာင္ျမင္လာၿပီးအဆင္ေျပလာပါလိမ့္မည္။ သူေဌးမျဖစ္ဘဲထမင္းစားရ႐ုံရွာေဖြသည့္အလုပ္မွာငရဲမပါၾကပါေစနဲ႔။ တျခားသီးႏွံစိုက္ပ်ိဳးေသာေတာင္သူမ်ားအားလည္း
သဘာဝအတိုင္းသာစိုက္ပ်ိဳးၾကပါေျမဆီလုံးဝညံ့ ဖ်င္းေသာေဒသမ်ားမွလြဲ၍ေပါ့။ သဘာဝမ်ိဳးေစ့ေတြကိုနိုင္ငံေတာ္အစိုးရအစီအစဥ္ျဖင့္ လွိုင္လွိုင္ျဖန႔္ေဝေပးပါ။သည္ကိစၥသည္အနာဂတ္နိုင္ငံေတာ္ အတြက္ ခပ္ေပါ့ေပါ့ပစ္ထားရမည့္အရာမဟုတ္ပါ။ ယခုကတည္းကစီမံကိန္းျဖင့္စတင္လၽွင္ေနာင္အႏွစ္၂၀မွာတိုင္းျပည္တစ္ျပည္လုံး သဘာဝအသီးအႏွံမ်ားျဖင့္ျပန္လည္စားေသာက္နိုင္မည့္
အျပင္နိုင္ငံရပ္ျခားသို႔ပင္တင္ပို႔နိုင္ေလာက္ပါသည္။ယခုေတာ့ ဆရာဝန္ကလည္း သင္ထားေသာ စာအရ အသီးအႏွံမ်ားစားခိုင္း၏။ ေအာက္ေျခအထိေလ့လာထားေသာကၽြန္ေတာ္တို႔မွာဘယ္အသီးအႏွံက ေဆးနဲ႔ လြတ္သလဲ၊ သဘာဝစစ္စစ္လဲလိုက္လံရွာေဖြစားေသာက္ေနရ၏။ ဒါေတာင္ေဆးနဲ႔လြတ္တာရွာမရသေလာက္ပါ။
ကိုယ့္အိမ္မွာကိုယ္စိုက္ၿပီး စားရမယ့္ကိန္းေပၚေနေသာ္လည္း ေျမကမရွိ။ လုပ္ၾကပါဦးအုပ္ခ်ဳပ္သူတို႔ေရဟုပင္ဟစ္လိုက္ခ်င္ေတာ့သည္။ အခ်ိန္ေပးၿပီးဖတ္ရႈ႔ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။
ခရက္ဒစ္ ကိုမို
The post သားငါးရောင်းသူများထက် အကုသိုလ်ပိုကြီးနေသည့် ငှက်ပျောသီးသည် (သို) သမ္မာအာဇီဝဖြင့် အကုသိုလ်ယူကြသူများ appeared first on MM Daily Life.
Your new digest 50
Post a Comment