ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလျံ ပြည့်သွားတဲ့ တောင်ကိုရီးယားမှတ်ဉာဏ်ချစ်ပ်ပြားကုမ္ပဏီ

မှတ်ဉာဏ်ချစ်ပ်ပြား ထုတ်လုပ်တဲ့ တောင်ကိုရီးယားကုမ္ပဏီ SK Hynix ဟာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလျံရှိတဲ့ ကုမ္ပဏီတွေစာရင်းမှာ ပါဝင်လာခဲ့ပါပြီ။ Nvidia ရဲ့ AI hardware တွေမှာ အဓိက အသုံးပြုတဲ့ High-Bandwidth Memory (HBM) ချစ်ပ်ပြားတွေ အဓိက ထုတ်လုပ်တဲ့ SK Hynix ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ ၂၅၀ % အထိ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး ယခုသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ထရီလျံ ပြည့်မြောက်တဲ့ တတိယမြောက်ကုမ္ပဏီ ( Micron နဲ့ Samsung Electronics တို့ပြီးနောက်) ဖြစ်လာခဲ့ပါတယ်။

ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလျံ ပြည့်မြောက်သွားတာကြောင့် SK Hynix ကုမ္ပဏီဝန်ထမ်းတွေဟာ ဒီနှစ်အတွင်း အပိုဆုကြေးငွေ အမေရိကန်ဒေါ်လာ ၉ သိန်းအထိ ရနိုင်ဖွယ် ရှိနေပါတယ်။

ဉာဏ်ရည်တု နည်းပညာ အားကောင်းလာခြင်းနဲ့အတူ မှတ်ဉာဏ်ချစ်ပ်ပြား လိုအပ်ချက် မြင့်တက်လာခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှာ မှတ်ဉာဏ်ချစ်ပ်ပြား ထုတ်လုပ်ရာ အကြီးမားဆုံး ကုမ္ပဏီ ၂ ခုဖြစ်တဲ့ Samsung Electronics နဲ့ SK Hynix တို့ရဲ့အမြတ်ငွေလည်း တိုးတက်လာခဲ့ပြီး အခုနှစ် ပထမ ၃ လပတ်အတွင်း ကုမ္ပဏီ ၂ ခုလုံး စံချိန်တင် အမြတ်ငွေ ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Ref: For the third time this month, a chip giant has joined the $1 trillion club

NZ (ရိုးရာလေး)

The post ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလျံ ပြည့်သွားတဲ့ တောင်ကိုရီးယားမှတ်ဉာဏ်ချစ်ပ်ပြားကုမ္ပဏီ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post