ရုတ်တရက်ကျန်းမာရေးပြဿနာကြောင့် ထိုင်ဝမ်ဖျော်ဖြေပွဲမှာ မပါဝင်ဖြစ်တော့တဲ့ Sistar အဖွဲ့ဝင်ဟောင်း ဟိုရင်

Sistar အဖွဲ့ဝင်ဟောင်း ဟိုရင်ဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် ထိုင်ဝမ်မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ မေလ ၃၀ ရက်နေ့ကျ တိုင်ပေမှာ ကျင်းပမယ့် ‘Fubon Guardians G! POP Music Festival’မှာ မပါဝင်နိုင်တော့ဘူးဆိုတာကို ဟိုရင်ရဲ့အေဂျင်စီ ReH Entertainment က ကြေညာခဲ့တာပါ။

ဟိုရင်က မမျှော်လင့်ထားတဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခုကြောင့် ရုတ်တရက် ဆေးရုံတင်လိုက်ရပြီး လက်ရှိမှာ အတွင်းလူနာအဖြစ် ကုသခံယူနေရတယ်လို့ သိရပါတယ်။ “ဟိုရင်က ရုတ်တရက်အရေးပေါ်အခြေအနေကြောင့် ဆေးရုံတက်နေရပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့အဆိုအရ သူဟာ ဆေးရုံတက်တာ၊ ကုသတာနဲ့ အနားယူတာတွေကို ဦးစားပေးရမှာဖြစ်တယ်”လို့ အေဂျင်စီက ပြောပါတယ်။

ဖျော်ဖြေတင်ဆက်မှုနဲ့ ပရိသတ်တွေကို တွေ့ခွင့်ရမယ့်အခွင့်အရေးကို လက်လွတ်လိုက်ရတဲ့အတွက် ဟိုရင်က အလွန်စိတ်မကောင်းဖြစ်နေပြီး အပြည့်အဝပြန်လည်ကောင်းမွန်လာဖို့ အာရုံစိုက်နေတယ်လို့သိရပါတယ်။

Ref: Hyolyn hospitalized due to sudden health issue, cancels Taiwan performance

WL (ရိုးရာလေး) 

The post ရုတ်တရက်ကျန်းမာရေးပြဿနာကြောင့် ထိုင်ဝမ်ဖျော်ဖြေပွဲမှာ မပါဝင်ဖြစ်တော့တဲ့ Sistar အဖွဲ့ဝင်ဟောင်း ဟိုရင် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post