ဂီတသက်တမ်း ၂၁ နှစ်ရှိပြီးဖြစ်တဲ့ တောင်ကိုရီးယားအဆိုအဖွဲ့ Super Junior ရဲ့အဖွဲ့ဝင် လို့ ပြောလိုက်တာနဲ့ အဖွဲ့ထဲမှာ ခပ်ဝဝနဲ့ အဖွဲ့ဝင်ဆိုတာ သိကြမှာပါ။အသက် ၄၀ အရွယ် ရှင်ဒုံးက သူ ကိုယ်အလေးချိန်ကျဖို့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကို နှစ်တော်တော်ကြာ လုပ်နေခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တဲ့ပုံတွေမှာဆိုရင် ကိုယ်အလေးချိန်ကျသွားတာကို မြင်တွေ့ရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေက မမှတ်မိနိုင်လောက်အောင် ပိန်သွားတယ်လို့ ပြောဆိုနေကြပါတယ်။ ရှင်ဒုံးဟာ ၅ လအတွင်းမှာ ကိုယ်အလေးချိန် ၁၁၆ ကီလိုကနေ ၇၉ ကီလိုအထိကျသွားခဲ့တာဖြစ်တယ်လို့ ကိုရီးယားသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ကိုယ်အလေးချိန် ၃၇ ကီလိုကျသွားတဲ့ ရှင်ဒုံးရဲ့အကြောင်းက လူမှုကွန်ယက်ပေါ်မှာ လူပြောစရာဖြစ်လာခဲ့ပါတယ်။ပိန်သွားတော့ ၁၀ နှစ်လောက်တောင် ငယ်တဲ့ပုံပေါက်သွားတယ်လို့လည်း မှတ်ချက်ပြုကြပါတယ်။
ရှင်ဒုံးက ခဏခဏကိုယ်အလေးချိန်ချခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ပြန်ဝလာခဲ့တာဖြစ်တယ်လို့လည်း တချို့ပရိသတ်တွေက ထောက်ပြထားပါတယ်။
ဆရာဝန်တွေက သူ့ရဲ့ကိုယ်အလေးချိန်ဟာ ကျန်းမာရေးအပေါ်ထိခိုက်နိုင်တယ်ဆိုတာကိုသတိပေးခဲ့တယ်လို့ ၂၀၂၀ ခုနှစ်ရဲ့ Talk Show တစ်ခုမှာ ရှင်ဒုံးက ထုတ်ပြောခဲ့ဖူးပါတယ်။“အခု ကျွန်တော် ဝိတ်မလျော့ဘူးဆိုရင် အသက် ၄၀ မပြည့်ခင် သေသွားနိုင်တယ်လို့ ဆရာဝန်က ပြောခဲ့တယ်”လို့ ရှင်ဒုံးက ဆိုပါတယ်။
အခုဆို သူ ကိုယ်အလေးချိန်လျော့တာ အောင်မြင်သွားခဲ့ပါပြီ။သူ့ရဲ့ကျန်းမာရေးကို ဦးစားပေးတဲ့အနေနဲ့ ရှင်ဒုံးဟာ စားသောက်တာ၊ အိပ်စက်တာကစပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့တစ်နေ့တာအလေ့အထ၊ အရက်ဘီယာဖြတ်တာအထိ သူ့ရဲ့လူနေမှုပုံစံကို ပြောင်းလဲခဲ့ပါတယ်။
Ref: Super Junior’s Shindong Loses 37kg in 5 Months After Doctor Warned Him About His
Health
WL (ရိုးရာလေး)
The post ၅ လအတွင်းမှာ ကိုယ်အလေးချိန် ၃၇ ကီလိုကျသွားခဲ့တဲ့ Super Junior အဖွဲ့ဝင် ရှင်ဒုံး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment