ဂယ်လာပါဂို့စ်ကျွန်းစုအနီး သမုဒ္ဒရာရေမျက်နှာပြင်အောက်မှာ အပြာရောင်ရေဘဝဲငယ်တစ်ကောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီရေဘဝဲက မျိုးစိတ်အသစ်ဖြစ်တယ်လို့ သိရပါတယ်။
ဒီအပြာရောင်ရေဘဝဲကို ၂၀၁၅ ခုနှစ် စူးစမ်းရှာဖွေရေးသင်္ဘော E/V Nautilus က ပင်လယ်ရေနက်ပိုင်းမှာ ပထမဆုံးတွေ့ရှိပြီးနောက် မကြာသေးခင်ကမှ သုတေသီတွေက ကြေညာခဲ့တာပါ။ ဒီရေဘဝဲက ဂေါက်သီးလုံးအရွယ်လောက်ပဲရှိပြီး Dawin Island အနီးနားမှာ တွေ့ရှိခဲ့တာပါ။ ပင်လယ်ကြမ်းပြင်တစ်လျှောက် အဝေးထိန်းစနစ်နဲ့ လည်ပတ်တဲ့ ရေအောက်ယာဉ်နဲ့ သုတေသီတွေက ရေဘဝဲကို ရေမျက်နှာပြင်အောက် ပေ ၅၈၀၀ ခန့်မှာ တွေ့ရှိပါတယ်။

သုတေသီအဖွဲ့က အဲ့ဒီရေဘဝဲက ဘာမျိုးစိတ်လဲဆိုတာမသိကြသေးပါဘူး။ နောက်ပိုင်းကျမှ စုစမ်းရှာဖွေလေ့လာခဲ့ပြီးနောက် မျိုးစိတ်အသစ်ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
Ref: Tiny Blue Octopus ‘the Size of a Golf Ball’ Discovered Near the Galápagos Islands
WL (ရိုးရာလေး)
The post ဂေါက်သီးလုံးအရွယ်အစားရှိတဲ့ အပြာရောင်ရေဘဝဲငယ် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment