ကမ္ဘာကျော်အဆိုတော်မင်းသမီး မိုင်လီဆိုင်းရပ်စ်ဟာ မေလ ၂၂ ရက်နေ့က လော့စ်အိန်ဂျယ်လိစ်မြို့က ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားနိုင်တဲ့ အထင်ကရနေရာဖြစ်တဲ့ ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ် လျှောက်လမ်း (Hollywood Walk of Fame) မှာ ကြယ်ပွင့်နဲ့ ဂုဏ်ပြုခံခဲ့ရပါတယ်။ ဂရမ်မီဆုရှင် မိုင်လီက ဒီကြယ်ပွင့်ကို အခမ်းအနားနဲ့ ချီးမြှင့်ခံရတာဖြစ်ပါတယ်။
ကြယ်ပွင့်ကို လက်ခံတဲ့အချိန်မှာ အရမ်းကို ပြုံးပျော်ရွှင်ခဲ့ပြီး သူ ဘယ်တော့မှ မေ့မှာမဟုတ်တဲ့ အခိုက်အတန့်ဖြစ်တယ်လို့ မိုင်လီက ဆိုပါတယ်။ ဝမ်းသာပီတိစကားပြောကြားတဲ့အချိန်မှာ သူ့ရဲ့သီချင်း Walk of Fame သီချင်းအကြောင်းလည်း ပြောကြားခဲ့ပါတယ်။ သူ ချိန်ထားခဲ့တဲ့အရာတွေဟာ နောင်လာမယ့်မျိုးဆက်တွေရဲ့နှလုံးသားကို ဆက်လက်သက်ရောက်မှုရှိစေဖို့ မျှော်လင့်ပြီး လိုအပ်တဲ့အချိန်တွေမှာ ကြမ်းတမ်းပြီး မပြည့်စုံတဲ့ အရာတွေ၊ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို နိုးထလာစေဖို့ မျှော်လင့်တယ်လို့ မိုင်လီက ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ပရိသတ်တွေ၊ သူ့မိသားစုကိုလည်း ကျေးဇူးတင်စကားပြောကြားရင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။
Ref: Miley Cyrus receives star on Hollywood Walk of Fame
WL (ရိုးရာလေး)
The post Hollywood Walk of Fame မှာ ကြယ်ပွင့်နဲ့ ဂုဏ်ပြုခံရတဲ့ အဆိုတော်မင်းသမီး မိုင်လီ ဆိုင်းရပ်စ် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment