အိမ်ခြေရာမဲ့ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးဟာ သူ့ကားအတွက် ဆီလဲလှယ်ဖို့ Walmart Supercenter ကို သွားရင်းနဲ့ ခဲခြစ်ထီလက်မှတ်တစ်စောင်ကို ဝယ်ယူခဲ့တယ်။ ကံကောင်းချင်တော့ အဲ့ထီလက်မှတ်ကနေ ဒေါ်လာ ၅ သန်း ထီဆုကြီးပေါက်ခဲ့တယ်။ သူကတော့ လူဆီယာ ဖော်ဆက်သ်ဆိုသူပါ။
လူဆီယာက မျက်လုံးမှိတ်ပြီး ထီဆုကြီးကံထူးမယ့် ထီလက်မှတ်ကို ယူခဲ့တာပါ။ ပထမတော့ သူက နောက်ထပ်ထီလက်မှတ်တစ်စောင် အလကားရတယ်လို့ထင်ခဲ့တာ။ နောက်မှ သူ သန်းကြွယ်သူဌေးဖြစ်သွားတာကို သူ သိလိုက်ရတာပါ။
သူဟာ ၂၀၁၇ ခုနှစ်က အိမ်ခြေရာမဲ့ဖြစ်ခဲ့တာပါ။နေစရာအိမ်မရှိတော့ပေမဲ့ ၂၀၂၃ ခုနှစ်က သူ့အတွက် ကံအကောင်းဆုံးနှစ်ဖြစ်ခဲ့ပါတယ်။ အခုနှစ်မှာ သူက လက်ထပ်တော့မယ့်အပြင် တွဲဖက်ဘွဲ့တစ်ခုလည်းရရှိတော့မှာပါ။ ဒေါ်လာ ၅ သန်းထီဆုကြီးကလည်း ပေါက်သွားခဲ့ပြန်ပါတယ်။ လူဆီယာကတော့ လွန်ခဲ့တဲ့ ၆ နှစ်က အိမ်ခြေရာမဲ့ဖြစ်ခဲ့တဲ့ သူ့လို လူမျိုးဟာအခုလိုထီဆုကြီးပေါက်လိမ့်မယ်လို့ ဘယ်တော့မှမထင်ခဲ့မိဘူးတဲ့။
Ref: A woman who was formerly homeless was already having a good year – then she hit the jackpot winning $5 million in the lottery
WL (ရိုးရာလေး)
The post အိမ်ခြေရာမဲ့ဖြစ်ခဲ့ဖူးတဲ့ဘဝကနေ ထီဆု ဒေါ်လာ ၅ သန်းကံထူးရှင်ဖြစ်လာခဲ့သူ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment