K-POP သီချင်းဗီဒီယိုမှာ ပါဝင်ထားတဲ့ အိန်ဂျလီနာဂျိုလီရဲ့သမီး ရှိုင်လို ဂျိုလီ

ကမ္ဘာကျော်သရုပ်ဆောင်တွေဖြစ်တဲ့ အိန်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ်တို့ရဲ့သမီးဖြစ်သူ ရှိုင်လို ဂျိုလီဟာ ကေပေါ့ပ်သီချင်းဗီဒီယိုမှာ ပါဝင်ထားပါတယ်။ ရှိုင်လိုက K-POP အဆိုတော်နဲ့ WJSN အဖွဲ့ဝင် ဒါယောင်းရဲ့ သီချင်းဗီဒီယို What’s A Girl To Do မှာ ပါဝင်ထားတာဖြစ်ပါတယ်။ ဧပြီ ၂ ရက်နေ့က ထွက်ရှိခဲ့တဲ့ သီချင်းနမူနာဗီဒီယိုမှာ ရှိုင်လိုကို ပထမဆုံးပြသထားပါတယ်။

သီချင်းဗီဒီယိုကတော့ ဧပြီ ၇ ရက်နေ့က ထွက်ရှိခဲ့ပြီး ရှိုင်လိုကို နောက်ခံအကသမားတွေကြားမှာ မြင်တွေ့ခဲ့ရပါတယ်။ ထုတ်လုပ်ရေးအဖွဲ့က သီချင်းဗီဒီယိုအတွက် အမေရိကန်မှာ Audition တွေပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့်မှာ ရှိုင်လိုက ရွေးချယ်ခံခဲ့ရတာဖြစ်တယ်လို့ ဒါယောင်းရဲ့အေဂျင်စီ Starship Entertainment အရ သိရပါတယ်။

“သီချင်းဗီဒီယိုရိုက်ပြီးတဲ့အထိ သူက အိန်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ်တို့ရဲ့ကလေးဆိုတာ ကျွန်တော်တို့မသိခဲ့ပါဘူး။ မကြာသေးခင်ကမှ ကျွန်တော်တို့သိခဲ့တာပါ”လို့ Starship Entertainment က ပြောပါတယ်။

မေလမှာ အသက် ၂၀ ပြည့်မယ့် ရှိုင်လိုက အိန်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ်တို့ရဲ့သားသမီးအရင်းတွေထဲက တစ်ဦးဖြစ်ပါတယ်။

Ref: Angelina Jolie’s daughter stars in K-pop music video

WL (ရိုးရာလေး)

The post K-POP သီချင်းဗီဒီယိုမှာ ပါဝင်ထားတဲ့ အိန်ဂျလီနာဂျိုလီရဲ့သမီး ရှိုင်လို ဂျိုလီ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post