၂၀၂၀ ခုနှစ် Galwan ချိုင့်ဝှမ်းတိုက်ပွဲအကြောင်း ရိုက်ကူးထားတဲ့ မင်းသား ဆယ်လ်မန်ခန်းရဲ့ ဇာတ်ကားသစ် ရုံတင်မယ့်ရက် ရွှေ့ဆိုင်း

ထိပ်တန်းဘောလိဝုဒ်မင်းသားကြီး ဆယ်လ်မန်ခန်းရဲ့ Maatrubhumi ဇာတ်ကားသစ်ကို ဩဂုတ်ကျမှပဲ ရုံတင်ပြသနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ အိန္ဒိယတပ်နဲ့ တရုတ်တပ်ကြား ၂၀၂၀ ခုနှစ် Galwan ချိုင့်ဝှမ်းတိုက်ပွဲအကြောင်း အခြေခံရိုက်ကူးထားတဲ့ဒီဇာတ်ကားကို အစက Eid ပွဲတော်မတိုင်ခင် ဧပြီ ၁၇ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ခဲ့တာပါ။

Maatrubhumi ဇာတ်ကားကို Apoorva Lakhia က ရိုက်ကူးပြီး ဆယ်လ်မန်ခန်းက ထုတ်လုပ်ပါတယ်။ ဇာတ်ကားနာမည်ကို Battle of Galwan ကနေ Maatrubhumi ဆိုပြီး မကြာသေးခင်ကမှ ပေပြာင်းလဲခဲ့တာပါ။ ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ရတာကြောင့် ဇာတ်ကားရုံတင်မယ့်ရက်က နှောင့်နှေးခဲ့ရပြီး လွတ်လပ်ရေးနေ့ဝန်းကျင် ဩဂုတ်လကျမှ ရုံတင်ပြသနိုင်ဖွယ်ရှိတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုထားပါတယ်။

အိန္ဒိယ-တရုတ်ဆက်ဆံရေးပြေလည်လာချိန် မတ်လ ၁၄ ရက်နေ့က ဇာတ်ကားနာမည်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

Ref: Salman Khan’s Maatrubhumi To Miss April 17 Date, Now Eyeing August Release

WL ( ရိုးရာလေး)

The post ၂၀၂၀ ခုနှစ် Galwan ချိုင့်ဝှမ်းတိုက်ပွဲအကြောင်း ရိုက်ကူးထားတဲ့ မင်းသား ဆယ်လ်မန်ခန်းရဲ့ ဇာတ်ကားသစ် ရုံတင်မယ့်ရက် ရွှေ့ဆိုင်း appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post