ဆုကြေးငွေအားလုံးကို ကလေးဆေးရုံအတွက် လှူဒါန်းပေးခဲ့တဲ့ Amazon ရဲ့ ကုန်ပစ္စည်းပို့ဆောင်သူ

Amazon ကုမ္ပဏီရဲ့ Alexa, Thank My Driver အစီအစဉ်မှာ ကျေးဇူးတင်ကြောင်း အများဆုံးပြောခံရသူ (၅)ဦးစာရင်းဝင်တဲ့ ကုန်ပစ္စည်းပို့ဆောင်သူ ဂရေလွန်အန်သိုနီဟာ သူ ရရှိလာတဲ့ ဆုကြေးငွေ ဒေါ်လာ ၁၀၀၀၀ လုံးကို သူ့ကိုယ်ကျိုးအတွက် မသုံးဘဲ ကလေးဆေးရုံအတွက် လှူဒါန်းပေးခဲ့ပါတယ်။

Alexa, Thank My Driver အစီအစဉ်အရ ကာစတန်မာတွေက ကျေးဇူးတင်စကားဆိုသမျှကို မှတ်တမ်းတင်ထားပြီး ကျေးဇူးတင်ကြောင်း အများဆုံးပြောခံရတဲ့ ကုန်ပစ္စည်းပို့ဆောင်သူတွေကို Amazon ကုမ္ပဏီက ဆုကြေးငွေ ချီးမြှင့်ပေးတာပါ။ ဂရေလွန်ကတော့ သူ ရရှိတဲ့ ဆုကြေးငွေ ဒေါ်လာ ၁၀၀၀၀ လုံးကို ချားလော့မြို့မှာရှိတဲ့ Atrium Health Levine ကလေးဆေးရုံမှ လိုအပ်နေတဲ့ လူနာတွေအတွက် လှူဒါန်းပေးခဲ့တာပါ။

Ref: Greylon Anthony

NZ (ရိုးရာလေး) 

The post ဆုကြေးငွေအားလုံးကို ကလေးဆေးရုံအတွက် လှူဒါန်းပေးခဲ့တဲ့ Amazon ရဲ့ ကုန်ပစ္စည်းပို့ဆောင်သူ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post