ငွေကြေးနဲ့ပတ်သက်လို့ကံမကောင်းချင်တဲ့သူ မရှိလောက်ဘူးထင်ပါတယ်ဗ် ။ ကိုယ်ရှာသလောက်ပဲ ငွေက ဝင်မှာဆိုပေမယ့် ငွေကြေး ကံမကောင်းရင်ထင်သလောက်မဝင်နိုင်ပါဘူး ။
သင့်အနေနဲ့ သင့်ရဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ကံကောင်းအောင် အခုဖော်ပြမယ့်အချက်လေးတွေကို လုပ်ကြည့်လိုက်ပါနော်။
(၁) ပိုက်ဆံအိတ်အရောင်
ပိုက်ဆံအိတ်ဝယ်တော့မယ်ဆိုရင် ရွှေရောင်၊ အဝါရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အနက်ရောင်နဲ့ ထုံးခြောက်ရောင်တို့ကို ဦးစားပေးရွေးဝယ်သင့်ပါတယ်။
အဲ့ဒီအရောင်တွေက ငွေပိုဝင်အောင် ဆွဲဆောင်နိုင်ပြီး ပိုက်ဆံမထွက်အောင်ထိန်းပေးထားနိုင်တယ်လို့ ယူဆကြပါတယ်။ ရွှေရောင်ကတော့ အားအကောင်းဆုံးအရောင်ဖြစ်ပြီး ပိုက်ဆံနဲ့ပတ်သက်တဲ့အသုံးအဆောင်တွေကို ရွှေရောင်သုံးပေးရင်အကောင်းဆုံးပါ။
အနက်ရောင်ကတော့ ဝင်လာပြီးသား ပိုက်ဆံတွေလွယ်လွယ်ထွက်မသွားအောင် ထိန်းပေးနိုင်ဆုံးအရောင်ဖြစ်ပါတယ်။
ပိုက်ဆံအိတ်ဝယ်ရင် လုံးဝမရွေးသင့်တဲ့အရောင်တွေကတော့ အနီရောင်နဲ့ အပြာရောင်ပါ။ အနီရောင်က မီးနဲ့တူတာကြောင့် သင့်ဆီဝင်လာမယ့်ပိုက်ဆံတွေနဲ့ ကံကောင်းခြင်းတွေကို လောင်ကျွမ်းသွားစေနိုင်ပြီး၊
အပြာရောင်ကတော့ ရေလိုပဲ သင့်ဆီမှာရှိပြီးသား ငွေတွေကို စီးဆင်းသွားစေမယ်ဆိုတဲ့ အယူအဆရှိကြလို့ပါ။
(၂) အမျိုးသမီးတွေကိုကိုယ်စားပြုတဲ့အရောင်
အဲ့ဒါကတော့ ပန်းရောင်ပါ။ ပိုက်ဆံအိတ်ပန်းရောင်ကို ရွေးမယ်ဆိုရင် ပိုက်ဆံတွေကိုတိုးပွားစေနိုင်တဲ့အစွမ်းရှိပြီး၊ အမျိုးသမီးတွေအတွက် ကံကောင်ခြင်းတွေလည်း တိုးလာစေတယ်ဆိုတဲ့ အယူအဆရှိပါတယ်။
(၃) ပိုက်ဆံအိတ်ထားတဲ့နေရာ
ပိုက်ဆံအိတ်ကိုဘယ်နေရာတွေမှာထားတတ်ပါသလဲ? ပိုက်ဆံအိတ်ကို အသံဆူညံတဲ့ စပီကာBox ၊ မီးဖိုချောင်မှာ လုံးဝမထားမိပါစေနဲ့။ တိတ်ဆိတ်တဲ့ နေရာမှာထားပါ။
(၄) ပိုက်ဆံအိတ်အနေအထား
ပိုက်ဆံအိတ်ထဲမှာပိုက်ဆံကလွဲပြီး တခြား တိုလီမှုတ်စတွေလိပ်စာကတ် ဘာဆိုဘာမှမထည့်ပါနဲ့။ အဲ့ဒီလိုတွေထည့်ထားတာက ပိုက်ဆံမဝင်ပဲလာတ္တိတ်ေစတတ္ပါတယ္။
တတ်နိုင်သမျှ ပိုက်ဆံအိတ်ကို အမြဲရှင်းလင်းျပီး အနံ့အသက်ဆိုးတွေ မထွက်နေအောင်ထားပါ။
(၅) ပိုက်ဆံအိတ်တစ်လုံးရဲ့သက်တမ်း
ပိုက်ဆံအိတ်မှာလည်းသက်တမ်းရှိပါတယ်နော်။ ဒီပိုက်ဆံအိတ်ကကောင်းသေးတယ်ဆိုပြီ မစုတ်မချင်းကိုင်နေမယ်ဆိုရင်လည်း ပိုက်ဆံဝင်တာကိုနှောင့်နှေးစေပါတယ်တဲ့။
ပိုက်ဆံအိတ်တစ်လုံးကို အသုံးပြုသင့်တဲ့ သက်တမ်းကတော့ သုံးနှစ်ဖြစ်ပြီး အဲ့ဒီအချိန်ထက်ကြာနေတဲ့ပိုက်ဆံအိတ်တွေကို မဖြစ်မနေလဲပစ်ဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့ အရောင်တွေပြောင်းလာပြီ၊ ချုပ်ရိုးစတွေပြုတ်ထွက်လာပြီဆိုရင်လည်း အဲဒီပိုက်ဆံအိတ်ကို ဆက်မသုံးသင့်တော့ပါဘူး။
The post ငွေကြေးကံကောင်းလိုသူများလိုက်နာသင့္တဲ့အချက် (၅) ချက် appeared first on Achawlaymyar.
Your new digest 49
Post a Comment