မန်ယူနိုက်တက်အပါအဝင် အသင်း ၅ သင်းနဲ့ ဆွေးနွေးခဲ့တဲ့ နေမာ

နေမာရဲ့ အေးဂျင့်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်း ၅ သင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲရစ် တန်ဟက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ရော်နယ်လ်ဒို ထွက်ခွာပြီးကတည်းက အသင်းရဲ့ တိုက်စစ်ကို ထိပ်တန်းအဆင့် ကစားသမားမျိုး အားဖြည့်ချင်နေတာဖြစ်ပြီး တစ်ဆက်တည်းမှာ လီဗာပူးလ်ကလည်း ယခုရာသီမှာ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကို ဖြတ်သန်းနေခဲ့ရတာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ဟာ ၎င်းရဲ့ လူစာရင်းကို သွေးသစ်လောင်းဖို့အတွက် နွေရာသီကစားသမားခေါ်ယူမှုအများအပြား ပြုလုပ်လိမ့်မယ်လို့ တစ်ကြိုပေးခြင်းခံထားရတာဖြစ်ပြီး ယခုရာသီကုန်မှာ ခေါ်ယူလို့ ရနိုင်တဲ့ကစားသားတစ်ဦးကတော့ နေမာ ဖြစ်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ပြင်သစ်သတင်းစာတွေမှာ ၎င်းရဲ့ အပျော်အပါးမက်တဲ့ လူနေမှုပုံစံကြောင့် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပြီး အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူးနဲ့ အမ်ဘာပေတို့ကြား ပြဿနာတွေရှိတယ်လို့လည်း သတင်းတွေက ဖော်ပြနေကြတာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုရာသီ လိဂန်း ၁၉ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားနိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အသင်းကို စွန့်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 90min ရဲ့ သတင်းသစ်အရ ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားက နေမာကို ခေါ်ယူလို့ရနိုင်ခြေရှိတယ်လို့အချက်ပေးခံခဲ့ရတယ်လို့ သိရပြီး ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတာကြောင့် လိဂန်းချန်ပီယံတွေက အလျင်စလို ရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း 90min က ပီအက်စ်ဂျီအသင်းဟာ ယခုရာသီကုန်မှာ နေမာ အသင်းကနေ ထွက်ခွာနိုင်ခြေရှိတာကို တားဆီးသွားမှာမဟုတ်ဘဲ ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားလည်း အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကြားခံလူတွေကနေတဆင့် ချဲလ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ မန်ယူနိုက်တက်၊ နယူးကာဆယ်လ်တို့နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ အသိပေးခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:



Post a Comment

Previous Post Next Post