တန်ဖိုးထားချစ်မြတ်နိုးသူကို ထိခိုက်နေတာတွေကို လုံးဝသည်းမခံနိုင်တော့လို့ အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ မြတ်သူသူရဲ့ချစ်သူ

တန်ဖိုးထားချစ်မြတ်နိုးသူကို ထိခိုက်နေတာတွေကို လုံးဝသည်းမခံနိုင်တော့လို့ အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ မြတ်သူသူရဲ့ချစ်သူ

ဇာတ်လမ်းတွဲသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မြတ်သူသူကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သူမရဲ့ချစ်သူဆီက ငွေသိန်းတစ်ထောင်နဲ့ လက်ထပ်ခွင့်တောင်းခံခဲ့ရတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ရရှိနေတာပဲဖြစ်ပါတယ်။ မြတ်သူသူရဲ့ချစ်သူဟာ တစ်ခုလပ်တစ်ယောက်ဖြစ်တာကြောင့် တချို့သောမနာလိုမုန်းတီးသူတွေက မြတ်သူသူတို့အကြောင်းကို သွားပုပ်လေလွင့်ပြောကြတာကြောင့် ကာယကံရှင်ဖြစ်သူ မြတ်သူသူရဲ့ချစ်သူက အခုလိုပဲပြတ်သားစွာပြောလာခဲ့ပါတယ်။

မြတ်သူသူရဲ့ချစ်သူ ကိုစိုင်းထက်မြက်က “ကျွန်တော်အခုလက်ရှိ လက်ထပ်ခွင့်တောင်းထားတဲ့မိန်းကလေးကလွဲရင် ဘယ်သူနဲ့မှ မပတ်သက်နေပါဘူးဗျ။ အရင်အိမ်ထောင်နဲ့လည်း တရားဝင်စာချုပ်စာတမ်းနဲ့ကွဲထားပြီး မနစ်နာရအောင် စီစဉ်ပေးထားခဲ့တာမို့ ဘာမှထပ်ပတ်သက်စရာမရှိတော့ပါဘူးဗျ။ ကျွန်တော်တို့အကြောင်းတွေကို အတိအကျမသိပဲ တဖက်စကားတခုထဲနဲ့ ဝေဖန်တိုက်ခိုက်နေတာတွေကို မလိုချင်ပါဘူးဗျ။ ကျွန်တော့်မိန်းကလေးကို ခုထပ်ပိုထိခိုက်အောင် လုပ်လာခဲ့မယ်ဆိုရင်တော့ ကျွန်တော့်ဘက်ကလည်း လုပ်သင့်လုပ်ထိုက်တာ လုပ်ရပါလိမ့်မယ်ဗျ။ မှားလို့ရှင်းပြနေရတာ မဟုတ်ပါဘူးဗျ။ အမှားအမှန်သေချာမသိပဲ ကျွန်တော်တန်ဖိုးထားတဲ့မိန်းကလေးကို ထိခိုက်တာ လုံးဝသည်းမခံနိုင်လို့ပါဗျ။ ဒီလူမှုရေးပိုစ့်က နောက်ဆုံးပြောပြခြင်းပါဗျ<br> Your new digest 50

Post a Comment

Previous Post Next Post