အာဆင်နယ်က နောက်နှစ် ၂၀ လည်း ဖလားမရနိုင်ဘူးလို့ ပြောခဲ့တဲ့ စပါးစ်ကြယ်ပွင့်ဟောင်း

အင်္ဂလန်နဲ့ တော့တင်ဟမ်ဟော့စပါးဂိုးသမားဟောင်း ပေါလ် ရော်ဘင်ဆင်က အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ဖလားရနိုင်တဲ့အခွင့်အရေးကို အသုံးမချနိုင်ခဲ့ရင် နောက်လာမယ့် နှစ် ၂၀ လောက်အထိ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ခြေစွမ်းအနည်းငယ် ကျဆင်းလာခဲ့တာကြောင့် ဆုဖလားပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာစီးတီးရဲ့ အမီလိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညပွဲစဉ်အပြီးမှာ ဂွါဒီယိုလာရဲ့အသင်းက ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ မန်စီးတီးထက် တစ်ပွဲလျော့ကစားထားတဲ့အားသာချက်လေးတော့ ရှိနေသေးတာဖြစ်ပေမယ့် အာတီတာအနေနဲ့ အသင်းရဲ့ ပြီးခဲ့ဲတဲ့ပွဲစဉ်တွေက စွမ်းဆောင်ရည်ကြောင့် စိုးရိမ်နေရတော့မှာ ဖြစ်ပါတယ်။

ပေါလ် ရော်ဘင်ဆင်က ယခုရာသီမှာ အမှတ်ပေးဖလားရရှိနိုင်တဲ့ အခွင့်အရေးကို လွဲချော်ခဲ့ရင် ဂန်းနားတွေအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ နောက်ထပ် နှစ် ၂၀ လောက် စောင့်ဆိုင်းရနိုင်တယ်လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်းက အခြားထိပ်တန်းအသင်းတွေအားလုံးဟာ အင်အားတောင့်တင်းနေပြီး လာမယ့်နှစ်တွေမှာ အာဆင်နယ်အတွက် ဖလားရဖို့က ပိုလို့တောင် ခက်ခဲလာတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တကယ်လို့ ဒီရာသီမှာသာ အာဆင်နယ် ဖလားမရဘူးဆိုရင် သူတို့တွေ နောက်ထပ် နှစ် ၂၀ လောက် ဖလားရတော့မှာမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ အားလုံးက ပိုပြီး အားကောင်းလာနေကြပါတယ်”လို့ တွစ်တာပေါ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားခဲ့တာဖြစ်ပြီး နောက်ဆုံး ၃ ပွဲမှာ နိုင်ပွဲ လုံးဝ မရရှိခဲ့တာ ဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ ဗုဒ္ဓဟူးနေ့ညက အမ်းမရိတ်စ်မှာ မန်ချက်စတာစီးတီးကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် စက်တင်ဘာလနောက်ပိုင်းကတည်းက ပထမဆုံးအကြိမ် ဇယားထိပ်ဆုံးကနေ ဆင်းပေးခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးဂိုးသမားေဟာင္း ေပါလ္ ေရာ္ဘင္ဆင္က အာဆင္နယ္အေနနဲ႔ ဒီရာသီမွာ ဖလားရႏိုင္တဲ့အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့ရင္ ေနာက္လာမယ့္ ႏွစ္ ၂၀ ေလာက္အထိ ပရီးမီးယားလိဂ္ဖလားကို ရရွိႏိုင္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ေျခစြမ္းအနည္းငယ္ က်ဆင္းလာခဲ့တာေၾကာင့္ ဆုဖလားၿပိဳင္ဘက္ျဖစ္တဲ့ မန္ခ်က္စတာစီးတီးရဲ႕ အမီလိုက္ျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ဗုဒၶဟူးေန႔ညပြဲစဥ္အၿပီးမွာ ဂြါဒီယိုလာရဲ႕အသင္းက ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အသင္းဟာ မန္စီးတီးထက္ တစ္ပြဲေလ်ာ့ကစားထားတဲ့အားသာခ်က္ေလးေတာ့ ရွိေနေသးတာျဖစ္ေပမယ့္ အာတီတာအေနနဲ႔ အသင္းရဲ႕ ၿပီးခဲ့ဲတဲ့ပြဲစဥ္ေတြက စြမ္းေဆာင္ရည္ေၾကာင့္ စိုးရိမ္ေနရေတာ့မွာ ျဖစ္ပါတယ္။

Post a Comment

Previous Post Next Post