ဂျပန်အဆိုတော်နဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ F4 အဖွဲ့ဝင် ဗန်နက်စ် ဝူ

ထိုင်ဝမ် F4 အဖွဲ့ရဲ့အဖွဲ့ဝင် ထိုင်ဝမ်-အမေရိကန်အဆိုတော်မင်းသား ဗန်နက်စ်ဝူရဲ့ဇနီးဟာ ဂျပန်အဆိုတော် အီမီ အာရမာခီဖြစ်တယ်လို့ သိရပါတယ်။ ဇွန် ၂၉ ရက်နေ့က ဗန်နက်စ်ဟာ ဒုတိယအကြိမ်လက်ထပ်လိုက်ပြီဖြစ်တာဆိုတာကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ကြေညာခဲ့ပြီးနောက် ဇနီးဖြစ်သူက ဘယ်သူလဲဆိုတာထွက်ပေါ်လာခဲ့တာပါ။

အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ပုံမှာ ဇနီးဖြစ်သူနဲ့ လက်ကိုင်ထားပြီး လက်ထပ်လက်စွပ်လေးတွေဝတ်ဆင်ထားတာတွေ့ရပါတယ်။ ဇနီးဖြစ်သူရဲ့သရုပ်မှန်ကို ဇွန် ၃၀ ရက်နေ့က ETtoday သတင်းဌာနက ဖော်ပြခဲ့ပြီး ဗန်နက်စ်ရဲ့အေဂျင်စီ B’in Music က အီမီ အာရာမာခီရဲ့သရုပ်မှန်ကို အတည်ပြုပေးခဲ့ပါတယ်။

သူတို့စုံတွဲဟာ မေလအစောပိုင်းက လပ်ဗီးဂပ်စ်မြို့မှာ လက်ထပ်မှတ်ပုံတင်ခဲ့ကြတာပါ။ ဖျော်ဖြေရေးကုမ္ပဏီ Hillstone Enterprise မှာရှိရဲ့ သူ့ရဲ့ပရိုဖိုင်အရ သူဟာ ဖူကူအိုကာဇာတိဖြစ်တယ်လို့ သိရပါတယ်။ သူက အသက် ၉ နှစ်မှာ ဗြိတိန်ကို မပြောင်းခင် ငယ်ဘဝကို ဖူကူအိုကာမှာ ဖြတ်သန်းခဲ့တာပါ။ University College London (UCL) မှာ သမိုင်းမေဂျာကို ယူခဲ့ပြီး ဘွဲ့ရပြီးနောက် ဖျော်ဖြေရေးအလုပ်ကို စတင်ခဲ့ပါတယ်။ တိုကျို၊ လန်ဒန်နဲ့ လော့စ်အိန်ဂျလိစ်ကို သွားလာရင်း အဆိုတော်အလုပ်ကို လုပ်ကိုင်ပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်မှာ “Lonely Night” နဲ့ “Night Ride” သီချင်းတွေ ထွက်ရှိခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိထားတာကတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ “Scarlet Night” ဆိုတဲ့ သီချင်းပါပဲ။

ဗန်နက်စ်ဟာ ၂၀၁၃ ခုနှစ်က စင်ကာပူလူမျိုး Arissa Cheo နဲ့ လက်ထပ်ခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့တာပါ။ သူက လက်ရှိမှာတော့ သူ့ရဲ့ F4 အဆိုအဖွဲ့နဲ့ F*Forever 1st World Tour မှာ ပါဝင်နေပါတယ်။

Ref: Taiwanese singer Vanness Wu’s agency confirms his wife is Japanese singer Emi Aramaki

WL (ရိုးရာလေး) 

The post ဂျပန်အဆိုတော်နဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ F4 အဖွဲ့ဝင် ဗန်နက်စ် ဝူ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post