ဖျော်ဖြေပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး နားနဲ့မျက်နှာမှာ ၃၉ ချက်ချုပ်လိုက်ရတဲ့ အဆိုတော် ဝမ်လီဟွမ်

မန်ဒိုပေါ့ပ်အဆိုတော် ဝမ်လီဟွမ်ဟာ ဇူလိုင်လ ၄ ရက်နေ့က ချန်ဒူးမှာ ကျင်းပတဲ့ သူ့ရဲ့ဖျော်ဖြေပွဲအတွင်း ပြင်းထန်စွာ လဲကျပြီးနောက် နားနဲ့ မျက်နှာမှာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အသက် ၅၀ အရွယ် ဝမ်လီဟွမ်က သူ့ရဲ့သီချင်း ‘Heaven and Earth Dragon’ ကို ဖျော်ဖြေနေစဉ် သူ့ရဲ့ဘေးကင်းရေးကြိုးတွေထဲက တစ်ခုနဲ့ သူ့ခြေထောက်ငြိသွားပြီးတော့ သတ္တုစင်မြင့်စင်ရဲ့အစွန်းပေါ် မျက်နှာအပ်ကာ လဲကျသွားခဲ့တာပါ။ အဲ့ဒီလိုလဲကျမှုက သူ့ရဲ့ဘယ်ဖက်နားကို ထိသွားခဲ့ပြီး အဲ့ဒီနားမှာ ear monitor တပ်ထားပြီး သူ့ရဲ့နားအပြင်ဘက်ရှိအရိုးနုကို အပ်သွားစေခဲ့ပါတယ်။

သူ့ရဲ့ဘယ်ဖက်ပါးမှာလည်း ပြတ်ရှဒဏ်ရာတစ်ခုရရှိခဲ့ပြီး သူ့ရဲ့မျက်နှာတစ်ခြမ်းမှာ သွေးတွေစီးကျနေတာကို ဖျော်ဖြေပွဲရိုက်ထားတဲ့ဗီဒီယိုတွေမှာ တွေ့ရပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ လီဟွမ်က အလျင်အမြန်ပြန်လည်မတ်တပ်ရပ်ကာ လူအုပ်ကြီးကို ဆက်လက်ဖျော်ဖြေခဲ့ပါတယ်။

သူ့ရဲ့ဘက်ဖက်နားကနေ သွေးတွေထွက်နေခဲ့တာကြောင့် ညာဘက်နားက ear monitor ကို သုံးပြီး ၃ နာရီကြာဖျော်ဖြေပွဲကို ပြီးအောင်တင်ဆက်သွားခဲ့ပါတယ်။ ဖျော်ဖြေပွဲပြီးတဲ့နောက် ဆေးရုံသွားပြခဲ့ပြီး နားကို ၂၇ ချက်ချုပ်ခဲ့ရတဲ့အပြင် သူ့ရဲ့မျက်နှာက ဒဏ်ရာကို ၁၂ ချက်ချုပ်ခဲ့ရပါတယ်။ CT စစ်ဆေးချက်ကတော့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ သိရပါတယ်။

သူ ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ ဆရာဝန်က ဖျော်ဖြေခွင့်ပြုတဲ့အတွက် စင်မြင့်ထက်မှာ ဆက်ပြီးဖျော်ဖြေပေးခဲ့ပါတယ်။

Ref: Wang Leehom Gets 39 Stitches To Ear & Face After Fall At Chengdu Concert

WL (ရိုးရာလေး) 

The post ဖျော်ဖြေပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး နားနဲ့မျက်နှာမှာ ၃၉ ချက်ချုပ်လိုက်ရတဲ့ အဆိုတော် ဝမ်လီဟွမ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post