“တောထဲက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် နေကြတဲ့ လူငယ်တွေကို စော်ကားလိုခြင်း လုံးဝမရှိပါဘူး” ဆိုတဲ့ G Fatt
အဆိုတော် G Fatt ဟာ ဒီသီချင်းက ကျွန်တော်ဖြတ်သန်းကြုံတွေ့လာရတဲ့အဖြစ်အပျက်အမှန်ပါပဲခင်ဗျာ ဘာမျက်ရည်ခြူစရာမှလဲမရှိပါ ခြူချင်ရင် သူများနိုင်ငံမှာတည်းက ဒီလိုအပုဒ်မျိုး လေးငါးပုဒ်ရေးပြီးသားတွေထိုင်ထုတ်ရုံပါပဲ ကိုယ့်ထက် ဆိုးဝါးတဲ့ဘဝတွေရှိမှန်းသိလို့ ဘယ်တုန်းကမှ ကိုယ့်အနာလေးတပြပြမလုပ်ခဲ့ဖူးပါဘူး
ပြီးတော့ တောထဲက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် နေကြတဲ့ လူငယ်တွေကို စော်ကားလိုခြင်း လုံးဝမရှိပါဘူး ကျွန်တော်နဲ့ခင်တဲ့သူတိုင်းကျွန်တော် ဘယ်လိုစိတ်ထားဆိုတာသိကြပါတယ် မြှောက်ပေးတယ်ဆိုတဲ့စာသားက အခုကျွန်တော့်ကို မဟုတ်တမ်းတရားတွေဖွ မဆိုင်တဲ့လူတွေကိုပါဆွဲထည့်ပြီး Personal Attack လုပ်နေကြတဲ့လော်ဘီတွေနဲ့
ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ ကြုံခဲ့ဘူးတဲ့ ကိုယ်တိုင်ကျ သာသာယာယာနဲ့ ဟိုလူ့ ဟိုဟာလေးလုပ်ပါဦး ဒီဟာလေးချကွနဲ့ လိုက်မြှောက်ပေးနေတဲ့ လူတစ်အုပ်ကိုပဲပြောတာပါ အဲ့အတွက်တခြားလူငယ်တွေအထင်လွဲစရာဖြစ်ခဲ့ရင် ကျွန်တော်တောင်းပန်ပါတယ် ဒီလိုပြန်လာရင် ဒါတွေဖြစ်မယ် ဆိုတာသိပြီးသားပါ
လူတိုင်းကကိုယ့်အခြေအနေ ကိုယ့်ဘဝကိုယ်အသိဆုံးပါ ကျွန်တော် ဘာတွေခက်ခက်ခဲခဲ ရင်ဆိုင်ရလဲ ကျွန်တော့်နေရာ မဟုတ်ရင် ဘယ်သူ့မှကိုယ်ချင်းစာနိုင်မှာမဟုတ်ပါဘူး ပန်းရောင်ကဒ် (အလုပ်သမားကဒ် ) ကိုတောင် ဆက်သက်တမ်းတိုးလို့မရအောင် ယုတ်မာကြတာတွေ ထားပါတော့
အများကြီးတွေမပြောချင်တော့ပါဘူးဗျာ နှစ်သစ်မှာ အားလုံးစိတ်ချမ်းသာကြပါစေ ကျွန်တော်လဲ ဒီ စိတ်ပင်ပန်းမှုတွေ နှစ်သစ်ကိုသယ်မသွားချင်တော့လို့ပါ။
Credit

The post “တောထဲက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် နေကြတဲ့ လူငယ်တွေကို စော်ကားလိုခြင်း လုံးဝမရှိပါဘူး” ဆိုတဲ့ G Fatt appeared first on Celebrity Corner.
Your new digest 50
Post a Comment