Credit;
သူမရဲ့ဒုတိယမြောက်အချစ်ရေးကို ပရိသတ်ကြီးအား တရားဝင်ချပြလိုက်တဲ့ အဆိုတော်ခင်ရတနာစိုး
The Voice Myanmar သီချင်းဆိုပြိုင်ပွဲ ကနေ လူသိများလာခဲ့တဲ့ ခင်ရတနာစိုးဟာ အနုပညာလောကနဲ ့မစိမ်းပဲ ဆိုင်းမျိုးရိုးကနေ ဆင်းသက်လာသူ တစ်ယောက်အဖြစ် ပရိသတ်ကြီးအားလုံး သိပြီးသားဖြစ်မှာပါ။ ခင်ရတနာစိုးဟာ ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်စဉ် ကတည်းက အိမ်ထောင်ရှိသူ တစ်ယောက်အဖြစ် တစ်နိုင်ငံလုံးကချပြခဲ့သလို သူမအနေနဲ့ အိမ်ထောင်ရေး အဆင်မပြေလို့ ကွာရှင်းခဲ့ချိန်မှာလည်း ပရိသတ်ကို အသိပေးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် နိုဝင်ဘာလ အတွင်းမှာပဲ ကွာရှင်းခဲ့ပြီဖြစ်တဲ့ ခင်ရတနာစိုးဟာ ဒီကနေ ့မှာတော့ သူမရဲ့ အချစ်သစ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်လင်းစွာချပြလာခဲ့ပါပြီ။ ခင်ရတနာစိုးက သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ Relationship ချိတ်ပြီး သူမရဲ့အချစ်ရေးအကြောင်းကို ချပြလာခဲ့တာဖြစ်ပြီး ထူးခြားချက်အနေနဲ့က သူမရဲ့ချစ်သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတာပဲဖြစ်ပါတယ်။
ခင်ရတနာစိုး ကတော့ အိမ်ထောင်ဖက်ဆိုးနဲ့ ကွာရှင်းပြီးတဲ့အချိန်မှာ သူမနဲ့စိတ်တူကိုယ်တူ ရှိတဲ့ မိန်းကလေးချစ်သူနဲ့ တွေ့ဆုံခဲ့ပြီဖြစ်ပါတယ်။ ခင်ရတနာစိုးတစ်ယောက် ဒီတစ်ခါအချစ်ရေးမှာ အများကြီးပျော်ရွှင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit;
The post သူမရဲ့ဒုတိယမြောက်အချစ်ရေးကို ပရိသတ်ကြီးအား တရားဝင်ချပြလိုက်တဲ့ အဆိုတော်ခင်ရတနာစိုး appeared first on World info Post.
Your new digest 50
Post a Comment