ပွဲပန်းဒဏ်တွေနဲ့အတူ အန်ဖီးလ်မှာ လီဗာပူးလ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ ယူနိုက်တက်

ပွဲပန်းဒဏ်တွေနဲ့အတူ အန်ဖီးလ်မှာ လီဗာပူးလ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ ယူနိုက်တက်

 

ယူနိုက်တက်ဟာ ခါးသီးပြိုင်ဘက် လီဗာပူးလ်ကို ပြီးခဲ့တဲ့ပထမအကျော့ အိုးထရက်ဖို့ဒ်မှာ အနိုင်ရခဲ့ပြီး ထိုနိုင်ပွဲပြီးကတည်းက ဆက်တိုက်ဆိုသလို ရလဒ်ကောင်းတွေရရှိခဲ့ကာ ကာရာဘောင်ဖလားကိုပါ ဆွတ်ခူးခဲ့ပါတယ်။

 

ဒါပေမယ့် မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ အန်ဖီးလ်ကွင်းမှာတော့ လီဗာပူးကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အိမ်ရှင် လီဗာပူးဟာ ပွဲစကတည်းက ဆက်တိုက်ဆိုသလို တိုက်စစ်ဆင်နေခဲ့ပြီး ယူနိုက်တက်ကို ကစားကွက်တည်ခွင့်တောင် မပေးခဲ့ပါဘူး။

 

ထူးခြားမှုအနေနဲ့ ကလော့ပ်ရဲ့အသင်းဟာ ဒီနေ့မှာ အချိတ်အဆက် အတော်လေးမိနေပြီး လုပ်တိုင်းဖြစ်နေတယ်လို့တောင် ပြောလို့ရပါတယ်။ ပွဲချိန် 43မိနစ်မှာတော့ ဂတ်ပိုရဲ့ လှပတဲ့ကန်ချက်နဲ့အတူ ယူနိုက်တက်တို့ ဦးဆောင်ဂိုးပေးလိုက်ရပြီး 1-0ဆိုတဲ့ရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးသွားပါတယ်။

 

ယူနိုက်တက်ပရိသတ်တွေကတော့ နည်းပြအဲရစ်တန်ဟတ်ရဲ့ နည်းဗျူဟာကို ယုံကြည်နေပြီး ဒုတိယပိုင်းမှာ ရလဒ်ကောင်းရဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဒါပေမယ့် ကလော့ပ်ရဲ့နည်း‌ဗျူဟာနဲ့ အိမ်ရှင်ကစားသမားတွေရဲ့ နိုင်လိုစိတ်ပြင်ထန်မှုကို သရဲနီတို့မခံနိုင်ခဲ့ပါဘူး။

 

ဒုတိယပိုင်းအစမှာပဲ နူးနက်က တစ်ဂိုးသွင်းယူခဲ့ပြီး 3မိနစ်အကြာမှာပဲ ဂတ်ပိုက နောက်ထပ်တစ်ဂိုးသွင်းယူခဲ့ပါတယ်။ ယူနိုက်တက်ဟာ 3ဂိုးပေးလိုက်ရပြီးကတည်းက ကစားကွက်တွေ ဖရိုဖရဲဖြစ်ကာ ဆာလက်က 2ဂိုးသွင်းယူခဲ့ပြီး နူးနက်ကလည်း တဂိုး၊ လူစားဝင်လာတဲ့ ဖာမီနိုကလည်း တစ်ဂိုးထပ်သွင်းခဲ့ပြီး 7-0ဆိုတဲ့ရလဒ်နဲ့ အရှက်ကွဲခဲ့ရပါတယ်။

 

ဒီပွဲကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြအဲရစ်တန်ဟက်ကိုလည်း အပြစ်မတင်သင့်သလို ပွဲပန်းနေတဲ့ သရဲနီကစားသမားတွေကိုလည်း နားလည်ပေးသင့်ပါတယ်။ မကြာသေးခင်ကပဲ ဖလားယူပေးခဲ့တာ ဒီကစားသမားတွေနဲ့ ဒီနည်းပြပါပဲ။ဒါ့ကြောင့် လာမယ့်ပွဲတွေမှာ စိတ်ဓာတ်မကျသွား‌ဖို့ပဲ လိုအပ်ပါတယ်။

 


Your new digest 50

Post a Comment

Previous Post Next Post