တရုတ်အမျိုးသားတစ်ဦးဟာ သူ့အိမ် ထမင်းစားပွဲသစ်ပြားပေါ်မှ စာလုံးတွေရဲ့ အဓိပ္ပါယ်ကို ရှာဖွေရင်း အဲဒီသစ်ပြားက ချင်း (Qing)မင်းဆက်ခေတ်က သူ့ ဘိုးဘေးရဲ့ ဂုဏ်ထူးဆောင် ဘွဲ့လက်မှတ် ဖြစ် နေတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ပါတယ်။
အန်းဟွေးပြည်နယ်မှ မစ္စတာ ရွှီ (Mr. Xu) တို့ မိသားစုဟာ ဒီအကြောင်း မသိခင်က ဒီစားပွဲပေါ်မှာပဲ ထမင်းပွဲ တွေမရေတွက်နိုင်အောင် စားခဲ့ကြဖူးပါတယ်။
အနီရောင်ဆေးသုတ်ထားတဲ့ အဲဒီသစ်သားပြားပေါ်မှာ ရွှေရောင်နဲ့ “Yuan Gong” ဆိုတဲ့ စာလုံးနှစ်လုံးကို ထွင်းထုထားပြီး ” ဧကရာဇ်မင်းမြတ်ထံ ဆက်သအပ်သော အထူးအရည်အချင်းရှင် ” လို့ အဓိပ္ပါယ်ရပါတယ်။
မစ္စတာ ရွှီရဲ့ ဘီတော်စပ်သူ (အဘိုးရဲ့အဘိုး) ရွှီယွန်းလီဟာ အဲဒီနှစ်က နိုင်ငံတော်အဆင့်စာမေးပွဲမှာ အဆင့် (၆) ရရှိခဲ့တာပါ။
“ကျွန်တော်တို့ မိသားစု ဆယ်စုနှစ်တွေနဲ့ချီပြီး သုံးခဲ့တဲ့ ထမင်းစားပွဲလေးက တကယ်တော့ ကျွန်တော့် ဘေးအဘိုးရဲ့ ပညာရေးအောင်မြင်မှု မှတ်တမ်းကြီး ဖြစ်နေမယ်လို့ တစ်ခါမှ တွေးမကြည့်ခဲ့မိဘူး” လို့ မစ္စတာရွှီက တရုတ်နိုင်ငံသုံး TikTok (Douyin)မှ ရေးသားခဲ့ပါတယ်။
ဒီအကြောင်းဟာ အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုမှုအကြိမ်ရေ ၁၀ သန်း ရှိခဲ့ပါတယ်။
ဒီလို ဂုဏ်ထူးဆောင်ဆိုင်းဘုတ်ပြားတွေကို အိမ်ရှေ့တံခါးဝအထက်၊ ဘိုးဘေးတွေကို ရည်စူးတဲ့ ခန်းမဆောင်တွေ သို့မဟုတ် အုတ်ဂူဘေးမှာ အစဉ်အလာအရ ချိတ်ဆွဲပြသလေ့ရှိပြီး ဒါဟာ ပညာရေးအောင်မြင်မှုနဲ့ မိသားစု ဂုဏ်ကျက်သရေကို ဖော်ကျူးတဲ့ သင်္ကေတ ဖြစ်ပါတယ်။
Ref : Man Shocked to Discover Family’s Kitchen Table was Actually His Ancestor’s Qing Dynasty ‘Diploma
NZ (ရိုးရာလေး)
The post မိသားစုထမင်းစားပွဲက ချင်း (Qing) မင်းဆက်ခေတ်က ဘိုးဘေးရဲ့ ဘွဲ့လက်မှတ် ဖြစ်နေ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment