ကမ္ဘာ့လုပ်ဆောင်ချက်အများဆုံး နာရီ (သို့မဟုတ်) Berkley Grand Complication

နာရီ၊ မိနစ်၊ စက္ကန့်၊ ရက်စွဲတွေ ပြသခြင်း အပါအဝင် လုပ်ဆောင်ချက် ၆၃ ခုအထိ ပါဝင်တဲ့ Berkley Grand Complication နာရီကတော့ ကမ္ဘာပေါ်မှာ လုပ်ဆောင်ချက်အများဆုံး နာရီလို့ သတ်မှတ်ခံထားရပြီး နာရီထုတ်လုပ်မှုပိုင်းမှာ အံ့ဘွယ်တစ်ရပ် ဖြစ်နေပါတယ်။

၂၀၁၅ ခုနှစ်မှာ ဆွစ်ဇာလန်နာရီကုမ္ပဏီ Vacheron Constantin က အမည်မဖော်လိုတဲ့ စုဆောင်းသူတစ်ဦးရဲ့ အော်ဒါမှာယူမှုအရ Reference 57260 နာရီကို ဖန်တီးခဲ့ပါတယ်။ ဟီဘရူးပြက္ခဒိန်နဲ့ စက္ကန့်တံနှစ်ခု အချိန်မှတ်နာရီ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Reference 57260 နာရီကို ၈ နှစ်ကြာ အချိန်ယူဖန်တီးခဲ့ကြပြီး ဒီနာရီဟာ Berkley Grand Complication နာရီရဲ့ အခြေခံအုတ်မြစ် ဖြစ်လာခဲ့တာပါ။

အချင်း ၂ လက်မရှိပြီး ၁၈ ကာရက် ရွှေဖြူကိုယ်ထည်နဲ့ ဖန်တီးထားတဲ့ Berkley Grand Complication နာရီဟာ အလေးချိန် ၂ ပေါင်ရှိပါတယ်။ သူ့ရဲ့ ထူးခြားချက်ကတော့ လုပ်ဆောင်ချက်တွေ များပြားလွန်းပေမဲ့ (လုပ်ဆောင်ချက်အများဆုံး စံချိန်ဟောင်းဖြစ်တဲ့ Patek Philippe Calibre 89 ထက် ၂ ဆ ပိုများ) နာရီအရွယ်အစားကို ချုံ့နိုင်ဖို့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေကို ဟန်ချက်ညီ ပေါင်းစပ်ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။

Berkley Grand Complication နာရီရဲ့ တန်ဖိုးကို တရားဝင် ထုတ်ဖော်ကြေညာခြင်းမရှိပေမဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရတော့ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ရှိမယ်လို့ သိရပါတယ်။

Ref: The Berkley Grand Complication – The Most Complicated Watch Ever Made

NZ (ရိုးရာလေး)

The post ကမ္ဘာ့လုပ်ဆောင်ချက်အများဆုံး နာရီ (သို့မဟုတ်) Berkley Grand Complication appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post