လစာနည်းပါးမှုကြောင့် ယူနိုက်တက်နဲ့စာချုပ်သစ်ချုပ်ဆိုဖို့ တုံ့ဆိုင်းနေတဲ့ ရက်ရှ်ဖို့ဒ်

လစာနည်းပါးမှုကြောင့် ယူနိုက်တက်နဲ့စာချုပ်သစ်ချုပ်ဆိုဖို့ တုံ့ဆိုင်းနေတဲ့ ရက်ရှ်ဖို့ဒ်

 

မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရက်ရှ်ဖို့ဒ်သည် ယခုရာသီတွင် သရဲနီများအတွက် အကောင်းဆုံး ပုံစံဖြင့် ခြေစွမ်းနေပြီး ပြိုင်ပွဲစုံ 44 ပွဲကစားကာ 27 ဂိုး သွင်းယူထားသည်။

 

ယူနိုက်တက်ဟာ ဒီရာသီမှာ အလားအလာရှိတဲ့ ဖလားသုံးလုံး ဆွတ်ခူးနိုင်မလားဆိုတာ သူ့ရဲ့ပုံစံက အရေးပါသလို FA ဖလားနဲ့ ယူရိုပါလိဂ်တို့ကို ဆွတ်ခူးနိုင်ဖို့ သူ့ရဲ့‌‌ခြေစွမ်းက အရေးပါပါတယ်။

 

သို့သော်လည်း ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ဆုံးဖြတ်ချက်မချမီ ကလပ်ရဲ့ပိုင်ဆိုင်မှုအခြေအနေအပေါ် အတည်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။

 

ပိုင်ရှင်များဖြစ်သည့် ဂလေဇာမိသားစုသည် ထိပ်တန်းကစားသမားများ၏လစာကို တစ်ပတ်လျှင် ပေါင် 300,000 ထက်မပိုစေဘဲ လုပ်ခလစာအား ကန့်သတ်ထားသည်။

 

ယူနိုက်တက်က ရက်ရှ်ဖို့ဒ်အား ငါးနှစ်စာချုပ်ဖြင့် ကမ်းလှမ်းထားသော်လည်း ဂိုးသွင်းအများဆုံးကစားသမားဟာ ကလပ်ရဲ့ပိုင်ရှင်အသစ် မည်သူမည်ဝါဖြစ်ပစေ၊ ပိုမိုကောင်းမွန်သော စာချုပ်တစ်ရပ်ကို ကမ်းလှမ်းမလားဆိုသည်ကို စောင့်ကြည့်နေသည်ဟု သတင်းများက ဆိုသည်။

 

အလက်ဆစ်ဆန်းချက်ဇ်ကို တစ်ပတ်လုပ်ခ ပေါင် 500,000 နှင့် David De Gea တို့ကို တစ်ပတ်လုပ်ခ ပေါင် 375,000 ပေးချေပြီးနောက်တွင် ဂလေဇာများသည် အသင်းသားများအကြား လစာကွာဟမှုကြီးကြီးမားမားရှိသော အခြေအနေများမှ ကင်းလွတ်ရန် ကြိုးစားနေကြသည်။


Your new digest 50

Post a Comment

Previous Post Next Post