မယုံကြည်လျှင်ကျော်သွားပါ ေ.သရွာကိုယူမသွားချင်တဲ့ ဘေမန်းဂါထာ
Credit
မယုံကွညျလြှငျကြောျသှားပါ ေ.သရှာကိုယူမသှားခငြျတဲ့ ဘမေနျးဂါထာ
ကမ္ဘာ့အကြီးဆုံး မြွေ Anaconda ထက် အဆပေါင်းများစွာ ပိုကြီးတဲ့ “ညံ”လို့ခေါ်တဲ့ သတ္တဝါကြီး
ညံ (ခေါ်) Titanoboa (Monster Snake)
ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထပ်တုန်းက အယုဒ္ဓကို ဖောင်နဲ့ စစ်ချီနေတုန်း ကမ်းစပ်မှာ ညံဆိုတဲ့ သတ္တဝါက ဆင်ကြီးကို ရစ်ပတ်ဆွဲညှစ်ပြီး ရေထဲဆွဲချသွားသည်ကို တွေ့ရှိခဲ့သည်ဟု မှတ်တမ်းတင်ခဲ့ပါတယ်။
ညံဆိုတဲ့သတ္တဝါဟာ ခြေလက်မရှိ မြွေကဲ့သို့ဖြစ်ပြီး ကိုယ်လုံးကိုယ်ထည်မှာ အလွန်ကြီးမားလှပါတယ်တဲ့။ ဒဏ္ဍာရီဆန်ဆန် သတ္တဝါလိုဖြစ်နေပေမယ့် ကျွန်တော် အနီးစပ်ဆုံး ပြေးမြင်မိတာကတော့ Titanoboa မြွေမျိုးစိပ်ပါ။
ဆင်ကြီးကိုတောင် အရိုးတွေကြေအောင် ဆွဲညှစ်နိုင်မလားဆိုတာကိုတော့ ကျွန်တော် ဆက်ပြောပြပါမယ်။ကျွန်တော်လေ့လာမိသလောက်ကတော့ အခုလက်ရှိမှာတော့ ကမ္ဘာပေါ်က အကြီးဆုံးမြွေမျိုးစိပ်ကို Green Anaconda လို့သတ်မှတ်ထားကြပါတယ်။
Green Anaconda မြွေမျိုးစိပ်ဆိုတာ အလွန်ရှည်လျားပြီးတော့ အရမ်းကိုကြီးမားလွန်းလှပါတယ်။ ဆိတ်တစ်ကောင်၊ သမင်တစ်ကောင်ကိုတောင်တိုက်ရိုက်မြိုချနိုင်တဲ့အထိ ကြီးမားလွန်းပါတယ်။ ဒါကိုတော့ လူတိုင်း လိုလို ကြားဖူးကြမှာပါ။
ဒါပေမယ့်လည်း Titanoboa ဆိုတဲ့ မြွေမျိုးစိပ်က ကမ္ဘာပေါ်မှာ တည်ရှိခဲ့တဲ့ မြွေတွေ အားလုံးထဲမှာ အကြီးဆုံး မျိုးစိပ်ပဲ ဖြစ်ပါတယ်။ Green Anaconda နဲ့ ယှဉ်မယ်ဆိုရင်ကို Titanoboa ဟာ အလွန်ကြီးမားလွန်းလှပါတယ်။
အရှည်က ပေ ၅၀ လောက်ထိရှိပြီး ပေါင်ချိန်က ၂၅၀၀ (၁.၃ တန်) အချင်း ၃ ပေ၊ လုံးပတ်မှာ ၉ ပေ ၅ လက္မ အထိ ရှိပါတယ်။ မြစ်တွေ၊ ချောင်းတွေ၊ ရေအိုင်တွေနားမှာ ကျက်စားပါတယ်။ မိကျောင်းကြီးတစ်ကောင်ကိုတောင် တိုက်ရိုက်မြိုချနိုင်ပါတယ်။
မြွေကြီးရဲ့ ညှစ်အားဟာ တစ်စတုရန်းလက်မမှာ ပေါင် ၄၀၀ ထိရှိပါတယ်ဗျာ။ ဒါဟာ အသားစားသားရဲတွေဖြစ်တဲ့ T-Rex လို့ခေါ်တဲ့ အသားစားဒိုင်နိုဆောကြီးတွေကို တောင်မှ တုံးခနဲလဲပြီး သေသွားစေနိုင်တဲ့ ညှစ်အားဖြစ်ပါတယ်။ ဆင်တစ်ကောင်အား သေအောင်သတ်ဖို့ဆိုသည်မှာ Phyton အမျိုးအစား
စပါးကြီး၊ စပါးအုံး၊ အန်နာကွန်ဒါမြွေမျိုးစုများမှာ မစွမ်းဆောင်နိုင်ပါ။ အဆိပ်မရှိခြင်း ၊ ဆင်တစ်ကောင်အားသတ်ရန် ခွန်အားလုံလုံလောက်လောက်မရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ King Cobra ဟုခေါ်သော တောကြီးမြွေဟောက်သာ အဆိပ်နဲ့ သတ်နိုင်ပါသည်။
သို့ပေမယ့် Titanoboa မြွေမျိုးစုမှာ ပေါင်ချိန် ၂၅၀၀ ရှိပြီး သန့်စင်တဲ့ကြွက်သားထုမှာ ၄ ပေ ပါရှိသောကြောင့် ဆင်တစ်ကောင်ကို သေအောင်သတ်ရန်အတွက် ခွန်အားမှာ လုံလုံလောက်လောက်ရှိသည်ဟု သိပ္ပံပညာရှင်များက အတည်ပြုထားပါတယ်။
Titanoboa မျိုးစိပ်များဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆.၆ သန်းလောက်က ဒိုင်နိုဆော တွေနဲ့အတူ ခေတ်ပြိုင်တည်ရှိခဲ့ပြီး Columbia ဒေသတွေမှာ ကျက်စားခဲ့ကြပါတယ်။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြီး အပူချိန်ကျဆင်းမှုကြောင့် မျိုးတုန်းသွားခဲ့သည်ဟု သိပ္ပံပညာရှင်တွေက ဆိုခဲ့ကြပါတယ်။
Titanoboa မြွေမျိုးစိပ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို Columbia နိုင်ငံက မိုင်းတွင်းတွေထဲကနေ ၂၀၀၉ ခုနှစ်က တွေ့ရှိခဲ့ကြပါတယ်။နောက်ထပ်စဉ်းစားစရာတစ်ခုက ကိုရီးယားက ကီမိုနိုဆိုတဲ့ ဒဏ္ဍာရီ ပုံပြင်တစ်ခုပဲ။ မြွေနဂါးတွေဟာ တောတောင်တွေထဲက ကျောက်ဂူတွေ ရေကန်တွေထဲမှာ နေကြပြီး
ကောင်းကင်ဘုံကနေ နဂါးအဖြစ်ခေါ်မယ့်အချိန်ကို စောင့်ဆိုင်းနေကြပါတယ်တဲ့။ သူတို့ပြောပြောနေတဲ့ မြွေနဂါးဆိုတာဟာလည်း Titanoboa ပဲဖြစ်နိုင်ပါတယ်။ အလွန်ကြီးမားတဲ့အရွယ်အစားကြောင့် မြွေနဂါးလို့ ထင်တာဖြစ်နိုင်ပါတယ်။
Titanoboa မြွေမျိုးစုဟာ ရေကန်ထဲ ရွှံနွံတွေထဲမှာ နေထိုင်ကြတာဖြစ်ပါတယ်။ Titanoboa လို့ ဘာကြောင့်ခေါ်တာလဲ။ သမိုင်းမတင်မီခေတ်က ရှိခဲ့တဲ့ မြွေမျိုးစိပ်ဖြစ်ပေမယ့်လည်း Titanic သင်္ဘောကြီးလို ကြီးမားထည်စွာရှိခဲ့တဲ့အတွက်ကြောင့် Titanoboa ဟုအမည်ပေးထားခြင်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၂၀၁၈ တုန်းက အမေရိက က သိပ္ပံပညာရှင်တွေဟာ Titanoboa မြွေမျိုးစုဟာ အခုချိန်ထိ အမေဇုန်မြစ်ထဲမှာ ရှိသေးတယ်လို့ ပြောခဲ့ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ Titanoboa မျိုးစိတ်တွေ အသက်ရှင်ကျန်ရစ်နေတာ မျိုးတုန်းသွားပြီဆိုတာက သိပ္ပံပညာရှင်တွေသာ တိတိကျကျ သိကြမှာပါ။
Titanoboa မြွေမျိုးစိပ်များ အမှန်တကယ် အသက်ရှင်ကျန်ရစ်နေကြောင်း လက်တွေ့လေ့လာဖို့အတွက်ကျ အမေဇုန်မြစ်ရဲ့ ကြီးမားတဲ့အရှည်နဲ့အကျယ်အဝန်းက တစ်ကြောင်း၊ တောနက်ကြီးဖြစ်တာက တစ်ကြောင်း၊ Titanoboa ဆိုတဲ့မြွေကြီးရဲ့ အရွယ်အစားနဲ့ကြမ်းတမ်းမှုက တစ်ကြောင်း၊
တောတွင်းသားရဲတွေပေါများလွန်းတာက တစ်ကြောင်း စသည့်အကြောင်းကြောင့် လေ့လာရဲတဲ့သူတွေ ယခုအချိန်ထိ တစ်ယောက်မှ မရှိသေးပါ။
ကိုးကား – သိပ္ပံပညာရှင်များရဲ့ လေ့လာတွေ့ရှိချက် များမှ..
Credit
The post ကမ္ဘာ့အကြီးဆုံး မြွေ Anaconda ထက် အဆပေါင်းများစွာ ပိုကြီးတဲ့ “ညံ”လို့ခေါ်တဲ့ သတ္တဝါကြီး appeared first on MM Daily Life.
Your new digest 50
Post a Comment