ကလေးအထာနဲ့ ဂယ်လ်တီယေးကြောင့် မိုနာကိုကွင်းမှာ ဘဝခါးသွားတဲ့ ပီအက်စ်ဂျီ

မိုနာကိုအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နူဘယ်လ်၊ ခံစစ်မှာ ဒီဆာဆီ၊ မာရီပန်၊ အာဂွီလာနဲ့ ကိုင်ယို ဟင်းနရစ်တို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ ယူဆွတ်ဖ် ဖိုဖာနာ၊ မိုဟာမက် ကာမာရာ၊ ဒီယက်တာနဲ့ ဂိုလိုဗင်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဝါရင့် ဘင်ယက်ဒါနဲ့ ၁၇ နှစ်သားလေး ဘင်ဆီဂီရ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ပီအက်စ်ဂျီအသင်းကတော့ မက်ဆီနဲ့ အမ်ဘာပေတို့ ဒဏ်ရာရနေချိန်မှာ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်ခဲ့ပြီး မလိုအပ်ဘဲ လူတွေ ချန်လှပ်ထားခဲ့သလို ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ဒါနီလို ပါရဲရား၊ ဘစ်ရှီယာဘူးတို့ကို ခင်းကျင်းခဲ့ချိန်မှာ ကွင်းလယ်မှာတော့ ဗီတင်ညာ၊ ကားလို့စ် ဆိုလာ၊ ဇိုင်ယာ-အမ်မရီ၊ ဘားနတ်နဲ့ ပမ်ဘီလီတို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ နေမာနဲ့ အီကီတီကီတို့ကို တွဲဖက်ပေးခဲ့တာပါ။

မက်ဆီရော အမ်ဘာပေပါ မပါနိုင်တော့ချိန်မှာ ဟာကီမီဟာ အသင်းရဲ့ အဓိက တိုက်စစ်သမားတစ်ဦး ဖြစ်လာရမယ့်အစား အရန်ခုံမှာ ထားခဲ့တာကတော့ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ပွဲအတွက် ချန်လှပ်မှု အလောင်းအစားဆိုတာထက် နည်းပြ ဂယ်လ်တီယေးရဲ့ ကလေးထာပဲဖြစ်ခဲ့ပြီး ပီအက်စ်ဂျီတို့ အိုးနင်းခွက်နင်း ပုံစံပဲဖြစ်သွားခဲ့ရပါတယ်။

ပွဲချိန် ၄ မိနစ်မှာကတည်းက မိုနာကိုတို့ အဖွင့်ဂိုးသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဖိုဖာနာက တစ်ကိုယ်တော်အစွမ်းနဲ့ ထိုးဖောက်လာရာမှာ ဧရိယာထဲမှာ မားကင်ညို့စ် လက်ထိခဲ့ပေမယ့် ဆက်ကစားနေရင်း ဘင်ယက်ဒါရဲ့ ထိုးဖောက်ကန်သွင်းမှု ပြန်ထွက်လာတဲ့ ဘောလုံးကို အလဲလဲအကွဲကွဲဖြစ်နေတဲ့ ပီအက်စ်ဂျီခံစစ်ရှေ့ကနေ ဂိုလိုဗင်က ထပ်မံပိတ်သွင်းရယူသွားခဲ့တာပါ။

ပွဲချိန် ၁၈ မိနစ်မှာတော့ မိုနာကိုတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပီအက်စ်ဂျီခံစစ်ကနေ ပန်းထိမ်မတတ်ခင် ရွှေခိုးတဲ့ အသက် ၁၇ နှစ်အရွယ် နောက်ခံလူ ဘစ်ရှီယာဘူးရဲ့ ဟုတ်လှပြီထင်နေတဲ့ ဘောလုံးကိုင်ထားမှုကနေ ဒီယက်တာက ဖျက်ထုတ်ရာမှာ ဧရိယာထဲမှာ ပြန်ရသွားတဲ့ ဘင်ယက်ဒါက ဂိုးသမား ဒွန်နာရမ်မာနဲ့ တစ်ဦးချင်းအတွေ့မှာ အဝေးတိုင်ခြေကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ကားလို့စ် ဆိုလာက ဧရိယာထဲကို ထိုးပေးခဲ့ရာမှာ ဘယ်ခြမ်းကနေ ပြေးဝင်လာပြီး ဂိုးရှေ့ကို ဖြတ်ပို့ခဲ့တဲ့ ဘားနတ်ရဲ့ ပေးပို့မှုကို ညာဘက်တိုင်နားမှာ စောင့်နေတဲ့ ၁၆ နှစ်သား ဇိုင်ယာ-အမ်မရီက ပိတ်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို နှစ်မိနစ်မှာတော့ ပီအက်စ်ဂျီတို့ကို ပြန်မလာနဲ့လို့ တားဆီးသွားတဲ့ တတိယမြောက်ဂိုးကို မိုနာကိုတို့ သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဂိုလိုဗင်က အတွင်းပြန်ထည့်ပေးတာကို ဘင်ဆီဂီရ်က ပီအက်စ်ဂျီခံစစ်ကြားထဲ ထိုးထည့်ပေးရာမှာ ကွက်တိပဲ ထိန်းသိမ်းရယူသွားနိုင်ခဲ့တဲ့ ဘင်ယက်ဒါက ဂိုးသမား ဒွန်နာရမ်မာကို လှည့်စားပြီး ညာဘက်ကို ကန်ထည့်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ မိုနာကိုတို့က ပီအက်စ်ဂျီတို့ကို သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ဘဝခါးနေတဲ့ ခံစစ်ကို ထိန်းသိမ်းဖို့ ဂယ်လ်တီယေးက ဘစ်ရှီယာဘူးအစား ဆာဂျီယို ရာမို့စ်ကို ပြန်လည်ထည့်သွင်းခဲ့ကာမှ အသင်းက ပြန်လည်တည်ငြိမ်လာခဲ့ပြီး ဘောလုံးလည်း ပြန်ကိုင်လာနိုင်သလို ကစားကွက် ပြန်စေ့လာခဲ့တာပါ။

ပွဲချိန် ၅၉ မိနစ်မှာတော့ နောက်ခံလူ ဒါနီလို ပါရဲရားအစား အစ္စမေးလ် ဂါဘီကို ထည့်ခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်းကတော့ မိုနာကိုတို့ရဲ့ မူပိုင်ခွင့်ပဲဖြစ်နေခဲ့သလို ဒွန်နာရမ်မာသာ မကောင်းရင် ဘင်ယက်ဒါ ဟက်ထရစ်ရသွားနိုင်ချိန်မှာ ပီအက်စ်ဂျီတို့ကတော့ ပင်ဘီလီအစား ဟာကီမီကို ထည့်ပြီး ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မော်ရိုကိုသားကတော့ အဝါကတ်ပဲ ရယူသွားခဲ့တာဖြစ်ပါတယ်။

မိုနာကိုတို့ဘက်ကတော့ ဘင်ဆီဂီရ်၊ ဘင်ယက်ဒါနဲ့ ဂိုလိုဗင်တို့အစား မီနာမီနို၊ အမ်ဘိုလိုနဲ့ ဂျက်ကော့ဘ်စ်တို့ကို ထည့်ပြီး ထိန်းကစားသွားခဲ့သလို ပီအက်စ်ဂျီတို့ကတော့ အရန်ခုံမှာ လူငယ်တွေနဲ့ ခံစစ်သမားတွေကလွဲပြီး လဲစရာ မရှိတော့လို့ ဘာမှ မလုပ်နိုင်တော့ဘဲ ဒွန်နာရမ်မာ လက်စွမ်းပြနေခဲ့လို့သာ ပထမပိုင်းက ရလဒ်အတိုင်းပဲ ဂိုးထပ်မပေးရဘဲ ပွဲပြီးသွားခဲ့တာပါ။

မိုနာကိုတို့ကတော့ ပီအက်စ်ဂျီတို့ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူခဲ့အပြီးမှာ ဒီရလဒ်ကြောင့် လိဂန်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို မာဆေးလ်တို့ မကစားခင်မှာ တစ်မှတ်အသာနဲ့ သိမ်းပိုက်နိုင်ခဲ့ပြီး ဥရောပ ဝင်ခွင့်အတွက် ပုံစံကောင်းကို ပြသနိုင်ခဲ့ချိန်မှာ ဘိုင်ယန်နဲ့ပွဲမှာ အောက်သင်းအဖြစ်သာ ရင်ဆိုင်ရဦးမယ့် ပါရီသားတွေကတော့ ပြင်သစ်ကုန်းမကြီးကနေ
Your new digest 50

Post a Comment

Previous Post Next Post