
တောင်သူဦးကြီးများ အတွက် ကြက်ဥ နဲ့ ငါးပိ ရှိယုံဖြင့် အသီး၊ အရွက်၊ အမြစ်သန်ဆေးရည် လုပ်နည်း..

အပင်တွေကို တိုက်ရိုက် ကြက်ဥခွံ ၊ဟင်းအချိုမှုန့် ၊ ငါးပိတွေ ကျွေးတာထက် ပိုထိရောက်သောနည်း ရလဒ်ကောင်းအော်ဂဲနစ် ဆေးရည် အလွယ်တ ကူ ပြုလုပ် အသုံးပြုနည်း။

အပင်အတွက် အမြစ်ကိုလည်း သန်မာစေပါတယ်။ အရွက် အပွင့် အသီးတို့အတွက် အရွက်သန် အပွင့်အား ကောင်း အရသာရှိသော အသီးကို ဖြစ်စေပါတယ်။

ကုန်ကြမ်းများ… ကြက်ဥ ၁ လုံး၊ ကြက်ဥအခွံ ၂ လုံး၊ ဟင်းအချို မှုန့် ၁ ဇွန်း၊ ငါးပိစိမ်း အရည် ၁ ဇွန်း(မျှင်ငပိ /ငပိထောင်း ထောင်းတဲ့ ငပိစိမ်း ၁ ဇွန်း လည်း သုံးလို့ရ)

ပြုလုပ်နည်း..

ကြက်ဥ ၁ လုံးခေါက်ပါ။ ဟင်းအချိုမှုန့် ၁ ဇွန်း ထည့်ပါ။ ငါးပိရည် ၁ ဇွန်းထည့်ပါ။ အသီးဖျော်စက်ထဲထည့်ပြီး ကြက်ဥအခွံ ၂ လုံး သမ အောင် ရောကြိတ်ပါ။

ဖျော်စက် မရှိသူများ ကြက်ဥအခွံကို ငရုပ်ဆုံ ကို သန့်စင်အောင်ဆေးပြီး… ကြက်ဥအခွံ ကို ထောင်းနိုင်ပါတယ်။ ရေ ၁ လီတာစီ ရေဘူးထဲ အဆင်သင့် ထည့်ထား ပါ။

အသင့်ကြိတ် ဖျော်ထားသော ကြက်ဥ အရည် ကို ၁ ဇွန်းဆီ ထည့်ပါ။ သမအောင် လုပ်ခါပါ။ ၅- ၆ ပုလင်းခန့်ရပါလိမ့်မည်။ အဖုံး လုံအောင် ပိတ်ပါ။ နေပူတွင် ဆေးထည့်ထားသော ရေဘူး ၇ ရက်ထားပါ။

တစ်နေ့ ၁ ကြိမ် လုပ်ခါ ပေးရပါမည်။ ၂၁- ရက် အတွင်းမှာတော့ အနုဇီဝပိုးများ ပေါက်ပွားပြီး အနီရောင် ရှိသော ဂျူလင်စီစံခေါစင်ကို ရရှိပါပြီ။

ဆေးအောင်မြင်ပြီး ဆေးရည် ဖြစ်လာပြီ ဆိုပါက ပြန်လည် ပွားယူရတာ ပိုပြီး လျင်မြန်ပါတယ်။

ပွားနည်း..

ကြက်ဥ ၁ လုံး၊ ဟင်းချို မှုန့် ၁ ဇွန်း၊ ငါးပိရည် ၁ ဇွန်း၊ ဆေးဦးရည် ၂ ဇွန်း သမအောင် မွှေပါ ။ ၁ လီတာရှိသော ရေ အသင့်ပုလင်းထဲ ၁ ဇွန်းစီ ထည့်ပါ။ ၅ / ၆ ပုလင်း လီတာခန့် ရပါမည်။

သမရောစပ်ထားသော အရည် ထည့်ပြီးသားထဲ နောက်ထပ် ဆေး ဦးရည် ၃ ဇွန်း ထပ်ထည့်ပြီး လှုပ်ခါပါ။ ပုလင်းကို လဲရက် အဖုံးပိတ် နေ ပူထဲ ၇ ရက် ထားပါ။

အရင် ပထမ ဆေး လို ၂၁ ရက်စောင့်စရာ မလိုတော့ပါ။ ၇ ရက် ပြည့်ရင် အသုံးပြုလို့ ရပါပြီဗျာ..။

အသုံးပြုနည်း..

ဆေးဖျန်းပုံး ၂၀ လီတာ ၁ ပုံးကို ဆေးရည် ၂ဝ ဇွန်း၇ ရက် ၁ကြိမ် ဖျန်းပေးပါ ။ ကျစ်နေသော မြေအတွက် မြေကြီးထဲ ထည့်ပါ။ဆေးရည် ၂၀ ဇွန်း ရေ ၂၀လီတာရော မြေကြီးထဲထည့်ဖျန်း… အပင်အတွက် အမြစ်ကိုလည်း သန်မာစေတယ်။အစာချက်အား ပိုမို ကောင်းမွန်စေပါတယ်။

ခရက်ဒစ်#စိုက်ပျိုးရေးနည်းပညာ# လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

The post ကြက်ဥ နဲ့ ငါးပိ ရှိယုံဖြင့် အသီး၊ အရွက်၊ အမြစ်သန်ဆေးရည် လုပ်နည်း.. appeared first on Achawlaymyar.



Your new digest 49

Post a Comment

Previous Post Next Post