ကိုယ်အလေးချိန်ကျဖို့အတွက် တရုတ်လူငယ်တွေကြား ခေတ်စားနေတဲ့ “ပလတ်စတစ်စားခြင်း”နည်းလမ်း

ခေတ်ရေစီးကြောင်းအလိုက် ကိုယ်အလေးချိန်ကျတဲ့နည်းလမ်းတွေက အသစ်အဆန်းတွေပေါ်လို့နေပါတယ်။ အခုလည်း ကိုယ်အလေးချိန်ကျဖို့အတွက် ထူးဆန်းတဲ့နည်းလမ်းက တရုတ်လူငယ်တွေကြား ခေတ်စားလို့နေပါတယ်။ ဒီနည်းလမ်းက ပလတ်စတစ်စားခြင်းလို့ ခေါ်ပါတယ်။ ပလတ်စတစ်စားခြင်း trend ဗီဒီယိုတွေက တရုတ်နိုင်ငံရှိ လူမှုကွန်ယက်ပေါ်တွေမှာ ပျံ့နှံ့လို့နေပါတယ်။

အစားအစာကို ပလတ်စတစ်နဲ့ပတ်ပြီးစားတာကို ခေါ်တာပါ။ ဒီနည်းက ကယ်လိုရီတွေကို မစားဘဲ စိတ်ကျေနပ်မှုရစေဖို့ ဦးနှောက်ကို လှည့်စားဖို့အတွက် ရည်ရွယ်တာပါ။ ပလတ်စတစ်နဲ့ပတ်ထားတဲ့အစားအစာကို ပါးစပ်ထဲထည့်ဝါးပြီးတော့ ထွေးထုတ်တာပါ။ ဒါက အစားစားချင်စိတ်ကို ထိန်းချုပ်ပေးပြီး ကိုယ်အလေးချိန်ကျစေတယ်လို့ ဆိုကြပါတယ်။ဝါးလိုက်တာက အစားအစာတဲ့ခံစားချက်ကို ပေးစွမ်းတယ်။ ဦးနှောက်က အရသာကို ခံစားမိတယ်။ ဒါကြောင့် အစားအစာပြီးသွားသလို ခံစားရတယ်။ ဝါးပြီးထွေးထုတ်လုပ်တဲ့အတွက် ကယ်လိုရီတွေမရတော့ဘူးဆိုတဲ့ သဘောပါပဲ။ ဒါပေမဲ့ ဒီနည်းရဲ့ထိရောက်မှုနဲ့ ဘေးကင်းမှုကို သက်သေမပြနိုင်ဘဲ အသက်ရှုကျပ်တာလို ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ချေများပါတယ်။

ဒီနည်းက ပလတ်စတစ်နဲ့ အစားအစာကို ဝါးတာဖြစ်တဲ့အတွက် ကျွမ်းကျင်ပညာရှင်တွေက အန္တရာယ်ရှိတဲ့သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။ the National Institutes of Health ကထုတ်ဝေတဲ့ လေ့လာချက်က မိုက်ခရိုပလတ်စတစ်တွေက ခန္ဓာကိုယ်ကို နည်းလမ်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်တယ်လို့ မီးမောင်းထိုးပြနေပါတယ်။

ရုပ်ပိုင်းဆိုင်ရာဘေးထွက်ဆိုးကျိုးတချို့ကတော့ အစာခြေစနစ်ပျက်စီးတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်တာ၊ အင်ဒိုခရင်းချို့ယွင်းတာ (ဟော်မုန်းမညီမျှတာ)၊ နာတာရှည်ရောင်ရမ်းတာ၊ ကိုယ်ခံအားနဲ့ အာရုံကြောစနစ်ဆိုးကျိုးသက်ရောက်တာတွေပါ။

ဒီလိုနည်းလမ်းနဲ့ဆက်စပ်တဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဘေးထွက်ဆိုးကျိုးကတော့ စားသောက်တဲ့အလေ့အထပုံမှန်မဟုတ်တော့တာ၊ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမြင့်တက်တာ၊ အစားအစာပေါ်စွဲလမ်းမှုများတာ၊ စိတ်ခံစားချက်အတတ်အကျဖြစ်တာ၊ ဒေါသထွက်တာတွေပါ။

ဝါးပြီးထွေးထုတ်တဲ့နည်းလမ်းက ရေရှည်ကိုယ်အလေးချိန်ကျဖို့အတွက် ခိုင်မာတဲ့သက်သေမရှိပါဘူး။ နောက်ပိုင်းမှာ အစာစားချင်စိတ်တိုးလာစေနိုင်ပါတယ်။ ခန္ဓာကိုယ်က အာဟာရဓာတ်အစစ်အမှန်မရရှိတဲ့အခါ ဆာလောင်မှုဟော်မုန်းက မြင့်တက်လာနိုင်ပါတယ်။ ဒါက အလွန်အမင်းစားသုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။

ပလတ်စတစ်စားသုံးခြင်း trend က အခုတော့ ခေတ်စားနေနိုင်ပါတယ်။ ဒါပေမဲ့ ခေတ်စားတယ်ဆိုတာ ဘေးကင်းတယ်လို့ မဆိုလိုပါဘူး။ လူမှုကွန်ယက်ပေါ်က ခေတ်စားနေတဲ့ နည်းလမ်းတွေကို လိုက်မလုပ်ကြည့်ခင် သေချာတွေးတောစဉ်းစားကြည့်ဖို့ အရေးကြီးပါတယ်။

Ref: Young People In China Are ‘Eating Plastic’ For Weight Loss

WL ( ရိုးရာလေး)

The post ကိုယ်အလေးချိန်ကျဖို့အတွက် တရုတ်လူငယ်တွေကြား ခေတ်စားနေတဲ့ “ပလတ်စတစ်စားခြင်း”နည်းလမ်း appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post