The Shang-Chi and the Legend of the Ten Rings ဇာတ်ကားနဲ့ ပရိသတ်တွေ သိကြတဲ့ ကနေဒါ-တရုတ်မင်းသား စီမုလုဟာ သူ့ရဲ့ချစ်သူ အယ်လစ်ဆန် ဆုနဲ့ လက်ထပ်လိုက်ပါပြီ။ သူဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ပြင်သစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာမှာ ချစ်ကြိုးသွယ်ခဲ့ကြတဲ့ သူတို့စုံတွဲဟာ ပြင်သစ်နိုင်ငံနဲ့ မစိမ်းတော့ပါဘူး။ သူတို့နှစ်ဦးက ၂၀၂၅ ခုနှစ် မေလတုန်းကလည်း ပါရီမြို့မှာ စေ့စပ်ခဲ့ကြတာပါ။ အဲ့ဒီအချိန်တုန်းက စီမုလုက သူတို့စေ့စပ်လိုက်တယ်ဆိုတာကို လူမှုကွန်ယက်ကတဆင့် တစ်ကမ္ဘာလုံးကို အသိပေးခဲ့ပါတယ်။
စီမုလုက Marvel ဇာတ်ကားဖြစ်တဲ့ The Shang-Chi and the Legend of the Ten Rings ဇာတ်ကားမှာ Shang Chi အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ နောက်ထပ် Marvel ဇာတ်ကားသစ်ဖြစ်တဲ့ The Avengers: Doomsday မှာလည်း ပါဝင်ထားပါသေးတယ်။
Ref: Simu Liu marries fiancee Allison Hsu in France
WL (ရိုးရာလေး)
The post ပြင်သစ်မှာ ချစ်သူကောင်မလေးနဲ့ လက်ထပ်လိုက်တဲ့ Shang-Chi ဇာတ်ကောင်မင်းသား စီမုလု appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment