Animal Planet ရဲ့ The Zoo မှတ်တမ်းရုပ်ရှင်စီးရီးမှာ ပါဝင်ခဲ့တဲ့ မျက်မမြင်ဂေါ်ရီလာမျောက်ဝံကြီး သေဆုံး

Animal Planet ရဲ့ မှတ်တမ်းရုပ်ရှင်စီးရီး The Zoo မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် လူသိများလာခဲ့တဲ့ ဂေါ်ရီလာမျောက်ဝံထီးကြီး နတွန်ဒိုဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က နှလုံးရပ်ပြီး သေဆုံးသွားခဲ့ပါတယ်။ နတွန်ဒို သေဆုံးသွားခဲ့တယ်ဆိုတာကို The Bronx Zoo က ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကြေညာခဲ့တာပါ။ နတွန်ဒို သေဆုံးချိန်မှာ အသက် ၃၂ နှစ်ရှိပါပြီ။

နတွန်ဒိုက ၂၀၁၄ ခုနှစ်မှာ the Association of Zoos and Aquariums ကတဆင့် ကျန်းမာတဲ့ဂေါ်ရီလာမျောက်ဝံအရေအတွက်ကို ထိန်းသိမ်းဖို့ ရည်ရွယ်တဲ့ မွေးမြူရေးအစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် Calgary Zoo ကနေ The Bronx Zoo ကို ရောက်ရှိလာခဲ့တာပါ။

ကနေဒါမှာ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ မွေးဖွားခဲ့တဲ့ နတွန်ဒိုဟာ ၂၀၁၇ ခုနှစ်ရဲ့ The Zoo စီးရီးမှာ အဓိကပါဝင်လာခဲ့ပြီး သူ့ရဲ့မျက်စိအတွင်းတိမ်ရောဂါရှာဖွေတွေ့ရှိမှုနဲ့ သူ့ရဲ့အမြင်အာရုံကို ထိန်းသိမ်းဖို့ ခွဲစိတ်ကုသမှုခံယူရာမှာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို မှတ်တမ်းတင်ရိုက်ကူးခဲ့တာပါ။

နတွန်ဒို ခွဲစိတ်ကုသမှုမအောင်မြင်ခဲ့ဘဲ မျက်စိကွယ်သွားခဲ့တာတွေကိုလည်း အဲ့ဒီမှတ်တမ်းရုပ်ရှင်စီးရီးမှာ တွေ့ရပါတယ်။ သူ့ရဲ့အခြေအနေက တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းတွေနဲ့ အနီးကပ်ကြည့်ရှုမှုလိုအပ်ခဲ့ကာ သူတို့နဲ့ ဆက်ဆံရေးနက်ရှိုင်းသွားစေခဲ့ပါတယ်။

လာရောက်လည်ပတ်ကြသူတွေနဲ့ တီဗီပေါ်မှာ နတွန်ဒိုကို စတွေ့ဖူးတဲ့ ကြည့်ရှုသူတွေအတွက် နတွန်ဒိုဟာ အခြားသောတိရစ္ဆာန်တွေထက်ပိုသာတဲ့ မျောက်ဝံကြီးဖြစ်လာခဲ့ပါတယ်။ နတွန်ဒိုက မျက်စိမမြင်ဘဲ ဘဝကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရင်း ကြံ့ကြံ့ခိုင်နိုင်မှုရဲ့သင်္ကေတဖြစ်ခဲ့ပါတယ်။

Ref: Ntondo, Beloved Blind Silverback Featured on Animal Planet’s The Zoo, Dead at 32

WL ( ရိုးရာလေး)

The post Animal Planet ရဲ့ The Zoo မှတ်တမ်းရုပ်ရှင်စီးရီးမှာ ပါဝင်ခဲ့တဲ့ မျက်မမြင်ဂေါ်ရီလာမျောက်ဝံကြီး သေဆုံး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post