ဗြိတိသျှမင်းမျိုးမင်းနွယ်ဖြစ်တဲ့ အသက် ၇၉ နှစ်အရွယ် Sir Benjamin Slade ဆိုသူက သူ့ထက် အသက် ၂၀ ငယ်တဲ့ ဇနီးလောင်းကို ရှာဖွေနေပါတယ်။ သူ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ကိုက်ညီတဲ့ အမျိုးသမီးကို ပေါင် ၅၀၀၀၀ ပေးမယ်လို့ သိရပါတယ်။
Benjamin က ချားလ်ဘုရင် ၂ ကနေ ဆင်းသက်လာတဲ့ မင်းမျိုးမင်းနွယ်ဖြစ်ပြီး ဟတ်တာ ၅၂၆ ရှိတဲ့ Maunsel Estate ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ သူ့ရဲ့အမွေဆက်ခံနိုင်ဖို့အတွက် သား ၂ ဦးမွေးပေးနိုင်တဲ့သူကို ရှာဖွေနေတယ်လို့ ဆိုထားပါတယ်။
သူ သတ်မှတ်ထားတဲ့ စံနှုန်းတွေက အငြင်းပွားစရာဖြစ်လို့နေပါတယ်။ သူ့ရဲ့ဇနီးအဖြစ် လျှောက်ထားမယ့်သူတွေက သူ့ထက် အနည်းဆုံး အသက် ၂၀ ငယ်ရမယ်၊ Scorpio ရာသီဖွားမဖြစ်ရဘူး၊ The Guardian သတင်းစာစောင်ကို မဖတ်ရဘူး။ အိမ်ထောင်တာဝန်ကို ဦးစီးလုပ်ဆောင်နိုင်ရမယ်။ သူ့ရဲ့တက်ကြွတဲ့လူမှုဘဝကို စီမံခန့်ခွဲရာမှာ ကူညီပေးရမယ်လို့ ဆိုထားပါတယ်။
သူ့ရဲ့ ဇနီးလောင်းက အောက်ပါအချက်တွေလည်း ရှိရပါမယ်-
၁၆၇ စင်တီမီတာထက် မြင့်ရမယ်။
သေနတ်လိုင်စင် ကိုင်ဆောင်ထားရမယ်။
ယာဉ်မောင်းလိုင်စင် ရှိရမယ်၊ ရဟတ်ယာဉ်လိုင်စင် ကိုင်ဆောင်ထားရမယ်။
ရဲတိုက်နှစ်ခု၊ grouse moor နဲ့ အိမ်ခြံမြေကြီးတစ်ခုကို ဦးစီးလုပ်ကိုင်နိုင်ရမယ်။
ဥပဒေနဲ့ စာရင်းကိုင်သင်တန်းလက်မှတ်ရှိရမယ်။
ballroom အက၊ bridge နဲ့ backgammon အကကို ခံစားတတ်ရမယ်ဆိုတာပါပဲ။
သူ့ဇနီးလောင်းအဖြစ် ရွေးချယ်ခံရတဲ့သူက ၁ နှစ်ကို ပေါင် ၅၀၀၀၀၊ ဘောနပ်၊ ကား၊ အိမ်၊ အစားအသောက်၊ အားလပ်ရက်တွေနဲ့ အထွေထွေကုန်ကျစရိတ်တွေ ရရှိမှာဖြစ်ပါတယ်။ အသက်အရွယ်လိုအပ်ချက်က အမွေဆက်ခံခွန်ထည့်သွင်းစဉ်းစားမှုတွေကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ငယ်ရွယ်တဲ့ဇနီးတစ်ယောက်ဟာ သူ သေဆုံးပြီးနောက် အမွေကို အခွန်ကင်းလွတ်စွာ ထိန်းသိမ်းထားနိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံတော်အလံမှာ အစိမ်းရောင်ပါပြီး I နဲ့ စတဲ့ နိုင်ငံတွေက လျှောက်ထားသူတွေကိုတော့ လက်ခံမှာမဟုတ်ဘူး။ ကနေဒါလူမျိုး၊ အမေရိကန်လူမျိုး၊ ဂျာမန်၊ မြောက်ဥရောပသားတွေကိုပိုပြီးဦးစားပေးတယ်လို့လည်း ဆိုထားပါတယ်။
Benjamin က အရင်တုန်းကလည်း အလားတူဇနီးလောင်းရှာဖွေမှုကို လုပ်ဆောင်ခဲ့ဖူးပါတယ်။ ၂၀၂၁ ခုနှစ်မှာ အမေရိကန်လူမျိုးစာရေးဆရာမ Sahara Sunday Spain နဲ့ သမီးတစ်ယောက်ရခဲ့ပါသေးတယ်။ ဒါပေမဲ့ မင်္ဂလာပွဲ ၂ ခုလုံးကို ဖျက်သိမ်းခဲ့ပြီး ကလေးနဲ့လည်း အဆက်အသွယ်မရှိတော့ဘူး။ အခုအချိန်အထိ သူက ဇနီးလောင်းရှာဖွေမှုကို ဆက်လက်လုပ်ဆောင်နေပါတယ်။
Ref: British noble, 79, seeks wife who needs to be 20 years younger, not a Scorpio & a ‘good breeder’
WL (ရိုးရာလေး)
The post Scorpio ရာသီဖွားမဟုတ်တဲ့ အသက် ၂၀ ငယ်ပြီး သူ့ရဲ့မျိုးဆက်ကို မွေးပေးနိုင်တဲ့ ဇနီးလောင်းရှာနေတဲ့ အသက် ၇၉ နှစ်အရွယ် ဗြိတိသျှမင်းမျိုးမင်းနွယ် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment