အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဝါရင့်ကိုရီးယားမင်းသားကြီး

ဝါရင့်ကိုရီးယားမင်းသားကြီး လီဆွန်ဂျေးဟာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ သေဆုံးချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။ နိုဝင်ဘာ ၂၅ ရက်နေ့၊ အရုဏ်တက်ချိန်မှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သူ့ရဲ့မိသားစုဝင်တွေနဲ့ အေဂျင်စီရဲ့ပြောစကားအရ သိရပါတယ်။

၁၉၃၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ လီဆွန်ဂျေးဟာ Seoul National University မှာ ဒဿနိကမေဂျာနဲ့ဘွဲ့ ရရှိခဲ့တာပါ။ ကိုရီးယားအနုပညာလောကမှာ အလုပ်လုပ်ကိုင်နေဆဲ အသက်အကြီးဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ အသက် ၉၀ အထိ အနုပညာအလုပ်တွေလုပ်နေခဲ့တာပါ။

မကြာသေးခင်ကမှ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်ကို ရပ်နားထားခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်က “Waiting for Waiting for Godot” ပြဇာတ်ဖျော်ဖြေမှုမှာပါဝင်ခဲ့သလို “Dog Knows Everything” ဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ “Dog Knows Everything” ဇာတ်လမ်းတွဲနဲ့ ၂၀၂၄ ခုနှစ် KBS Drama Awards မှာ Daesang (Grand Prize) ဆုကြီးကို ဆွတ်ခူးခဲ့ပါတယ်။

Ref: Veteran Actor Lee Soon Jae Passes Away

WL (ရိုးရာလေး)

The post အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဝါရင့်ကိုရီးယားမင်းသားကြီး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post