အခုလမှာ အဆိုတော်မင်းသမီး ယွန်နာရဲ့ သီချင်းအသစ်ထွက်ရှိမယ်

ဇာတ်လမ်းတွဲတွေဘက်လှည့်ဖြစ်နေတဲ့ Girls’ Generation အဖွဲ့ဝင် အဆိုတော်မင်းသမီး ယွန်နာဟာ ဂီတလောကထဲကို ပြန်လည်ရောက်ရှိလာပါပြီ။ သူဟာ သီချင်းအသစ်ကို မကြာခင် ထွက်ရှိပေးဖို့ စီစဉ်နေပြီး ဒီဒစ်ဂျစ်တယ်တစ်ကိုယ်တော်သီချင်းကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြုလုပ်မယ့် ပရိသတ်တွေ့ဆုံပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

ဒီတစ်ကိုယ်တော်သီချင်းဟာ ၂၀၁၉ ခုနှစ်က ယွန်နာရဲ့အထူးသီးသန့်အယ်လ်ဘမ် A Walk to Remember ထွက်ရှိပြီးကတည်းက သူ့ရဲ့ပထမဆုံးတရားဝင်သီချင်းထွက်ရှိမှုဖြစ်ပါတယ်။ ယွန်နာက ဇာတ်လမ်းတွဲတွေမှာ ပါဝင်နေရင်းနဲ့ အောင်မြင်မှုတွေရပြီး အလုပ်တွေရှုပ်နေခဲ့တာပါ။ အခုနှစ် သူပါဝင်ခဲ့တဲ့ Bon Appetit, Your Majesty ဇာတ်လမ်းတွဲက အောင်မြင်မှုရရှိထားပါတယ်။

Ref: Girls’ Generation’s YoonA is preparing to release new music this month

WL (ရိုးရာလေး)

The post အခုလမှာ အဆိုတော်မင်းသမီး ယွန်နာရဲ့ သီချင်းအသစ်ထွက်ရှိမယ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post