အဆိုတော်ကေတီပယ်ရီနဲ့ ကနေဒါဝန်ကြီးချုပ်ဟောင်းတို့ရဲ့အချစ်ရေး

နာမည်ကြီးအမေရိကန်အဆိုတော် ကေတီပယ်ရီနဲ့ ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျက်စတင် ထရူးဒိုးတို့ဟာ သူတို့ရဲ့အချစ်ရေးကို အင်စတာဂရမ်မှာ ချပြနေပါပြီ။ အသက် ၄၁ နှစ်အရွယ် ကေတီက အသက် အသက် ၅၄ နှစ်အရွယ် ဂျက်စတင်နဲ့ ဂျပန်ခရီးစဉ်က ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဒီဇင်ဘာ ၆ ရက်နေ့က မျှဝေခဲ့တာပါ။

ကေတီနဲ့ ဂျက်စတင်တို့ဟာ Selfie ပုံတွေအတူတူရိုက်ခဲ့ကြသလို နှစ်ယောက်အတူတူ ညစာစားနေပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ ကြည့်နေကြတာကို ဗီဒီယိုတစ်ခုမှာလည်း တွေ့ရပါတယ်။ ကေတီက The Lifetimes Tour အတွက် ဂျပန်ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ဂျက်စတင်က ဂျပန်ဝန်ကြီးချုပ်ဟောင်း ဖူမီအို ခီရှိဒါနဲ့ ဇနီးဖြစ်သူ ယူခိုတို့နဲ့အတူ တွေ့ဆုံခဲ့တဲ့အတွက် ကေတီက တွေ့ဆုံခွင့်ရကာ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်းကလည်း အင်စတာဂရမ်မှာ “ကနေဒါဝန်ကြီးချုပ်ဟောင်းက သူ့လက်တွဲဖက်နဲ့ ဂျပန်ကို အလည်လာခဲ့ပြီး ကျွန်တော်၊ ကျွန်တော့်ဇနီးတို့နဲ့အတူ နေ့လည်စာစားဖြစ်ခဲ့တယ်”လို့ ရေးသားခဲ့ပါတယ်။ ဂျက်စတင်ကလည်း ဂျပန်ဝန်ကြီးချုပ်ဟောင်းရဲ့ message ကို repost လုပ်ခဲ့ပြီးတော့ “ကေတီနဲ့ ကျွန်တော်တို့ဟာ ဖူမီအို၊ ယူခိုတို့နဲ့အတူ ထိုင်ခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။ ချစ်ကြည်ရင်းနှီးမှုနဲ့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို အခြေခံတဲ့ အစီအစဉ်နဲ့ လူတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ်ဖို့အတွက် ဆက်လက်ကတိကဝတ်ပြုမှုတွေအတွက် ကျေးဇူးတင်ပါတယ်”လို့ ဆိုထားပါတယ်။

ကေတီနဲ့ ဂျက်စတင်တို့ဟာ မကြာသေးခင်လတွေအတွင်းမှာ သူတို့ရဲ့အချစ်ဇာတ်လမ်းကို စတင်ခဲ့ကြတယ်လို့ ယူဆရပြီး ကေတီက ဂျက်စတင်နဲ့အတူ အရမ်းပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။

ကေတီပယ်ရီက မင်းသားအော်လန်ဒိုဘလွန်းနဲ့ အခုနှစ်အစောပိုင်းမှာ လမ်းခွဲပြတ်စဲခဲ့ကြတာဖြစ်သလို ဂျက်စတင် ထရူးဒိုးကလည်း ဇနီးဖြစ်သူ ဆိုဖီ ဂရီဂွါရီနဲ့ ၂၀၂၃ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ကြတာပါ။

Ref: Katy Perry and Justin Trudeau go Instagram official with their romance

WL (ရိုးရာလေး)

The post အဆိုတော်ကေတီပယ်ရီနဲ့ ကနေဒါဝန်ကြီးချုပ်ဟောင်းတို့ရဲ့အချစ်ရေး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post