MPT က ၂၀၂၄ ခုနှစ်၊ ဧပြီလ မှ စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် (၈) ကြိမ်မြောက် “ဉာဏ်ကြီးရှင်” အထွေထွေဗဟုသုတ ဉာဏ်စမ်းပဟေဠိအစီအစဉ်၏ Grand Final ၏ ကံထူးရှင်များအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်၌ ရန်ကုန်မြို့ရှိ၊ MPT ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် စုစုပေါင်း ကျပ် သိန်း (၁၁၀) ကျော် တန်ဖိုးရှိ ကံထူးဆုများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဆုများမှာ_
ပထမဆု- ရွှေ (၁) ကျပ်သား လက်ကောက်
၁ ဆု
ဒုတိယဆု- Bashan တံဆိပ် မော်တော်ဆိုင်ကယ်
၁ ဆု
တတိယဆု- Hisense တံဆိပ် လက်မ ၄၀ Smart TV
၁ ဆု
ကံစမ်းမဲအစီအစဉ်မှ ကံထူးဆုများ
(၁၀) လီတာ အောက်ဆီဂျင်စက်(Oxygen Concentrator)
၁ ဆု
၅,၀၀၀ ကျပ်တန် MPT ငွေဖြည့်ကတ် (ကံထူးရှင်များသို့ ငွေဖြည့်သွင်း ပေးခဲ့ပြီး ဖြစ်ပါသည်။)
၉၉ ဆု
Techno တံဆိပ် မိုဘိုင်းဟန်းဆက်
၁ ဆု
ဉာဏ်ကြီးရှင် ဝန်ဆောင်မှုမှ ယခင်ကပေးအပ်ခဲ့သည့် ဆုများ
ဝန်ဆောင်မှု စတင်ခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ ၆ လလျှင် တစ်ကြိမ်ဖြင့် (၇) ကြိမ် အထိ ရွှေလက်စွပ်များ၊ မိုဘိုင်းဖုန်းများ၊ စမတ်နာရီများ၊ ကျန်းမာရေး ဆေးအိတ်(မိသားစုသုံး)၊ အိတ်ဆောင်ကျန်းမာရေးဆေးအိတ်နဲ့ ၅,၀၀၀ ကျပ်တန် MPT ဖုန်းဘေလ် တို့ကို အသီးသီး ဆုများ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
“ဉာဏ်ကြီးရှင်” ဝန်ဆောင်မှုအကြောင်း
“ဉာဏ်ကြီးရှင်” ဝန်ဆောင်မှုဆိုသည်မှာ ထူးချွန်အောင်မြင်သောဘဝကို ပိုင်ဆိုင်စေရန်၊ ဉာဏ်ရည်ဉာဏ်စွမ်းနှင့် အထွေထွေဗဟုသုတ တိုးပွားစေရန် ကဏ္ဍစုံ နယ်ပယ်စုံမှ ဗဟုသုတ အကြောင်းအရာများကို စာတို (SMS) ဖြင့် ဉာဏ်စမ်းမေးခွန်းများကို ရယူအသုံးပြုနိုင်သည့် ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။
MPT နှင့် Trust Oo ကုမ္ပဏီလိမိတက်တို့ ပူးပေါင်း၍ “ဉာဏ်ကြီးရှင်” ဝန်ဆောင်မှုကို ၂၀၁၉ ခုနှစ်မှ စတင်ခဲ့ကာ မိုဘိုင်းသုံးစွဲသူများအတွက် အထွေထွေဗဟုသုတ ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီး ဗဟုသုတများကို တန်ဖိုးကြီး ဆုလက်ဆောင်များကို ကံထူးခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။
“ဉာဏ်ကြီးရှင်” ဝန်ဆောင်မှုကို ရယူရန်
USSD- 252522# ကို ခေါ်ဆိုခြင်း (သို့မဟုတ်) 8477 သို့ OK (သို့) ON ဟု စာတို (SMS) ပေးပို့ခြင်း
ဝက်ဘ်ဆိုက်- www.nyangyishin.com Web Access Protocol (WAP) ပေါ်ကတစ်ဆင့် ရယူနိုင်ခြင်း
ဈေးနှုန်း – အထွေထွေဗဟုသုတစာတို (၁) စောင်နှင့် မေးခွန်း (၅) ပါဝင်သည့် ပက်ကေ့ချ် (၁) ခုကို (၉၉) ကျပ်နှုန်းဖြင့် နေ့စဉ် ရယူနိုင်ပါသည်။
“ဉာဏ်ကြီးရှင်” ဝန်ဆောင်မှုမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်၍ လစဉ် ပေးအပ်သွားမည့် ဆုများ
ဆုမဲများတွင် အမှတ်စု ပြိုင်ပွဲ – ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုခြင်းဖြင့် အမှတ်များရရှိမည် ဖြစ်ပြီး ပက်ကေ့ချ်တစ်ခါဝယ်တိုင်း အမှတ် (၅၀) ရရှိမည် ဖြစ်ကာ ပက်ကေ့ချ်တစ်ခုလျှင် အမှတ် ၁၀၀ မှ ၂၅၀ အထိ ရရှိနိုင်မည် ဖြစ်သည်။
ရရှိနိုင်မည့် ဆုများ- မိုဘိုင်းဟန်းဆက်၊ ရွှေလက်စွပ်၊ စမတ်နာရီ၊ ကျန်းမာရေး ဆေးအိတ်၊ အိတ်ဆောင် ကျန်းမာရေး ဆေးအိတ်၊ ၅,၀၀၀ ကျပ်တန် MPT ဖုန်းဘေလ်များကို ပေးအပ်သွားမည် ဖြစ်ပါသည်။
“ဉာဏ်ကြီးရှင်” ဝန်ဆောင်မှု အကြောင်း ပိုမိုသိရှိလိုပါက https://ift.tt/coTXLEf တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
MPT အကြောင်းပိုမိုသိရှိလိုပါက MPT ၏ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပြီး 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
Team (ရိုးရာလေး)
The post MPT က “ဉာဏ်ကြီးရှင်” အထွေထွေဗဟုသုတ ဉာဏ်စမ်းပဟေဠိအစီအစဉ်၏ Grand Final ကံထူးရှင်များအား ကံထူးဆုများ လွှဲပြောင်းပေးအပ် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment