မိုးချုန်းသံနီးနီး အော်နိုင်ပြီး ကမ္ဘာ့အသံအကျယ်ဆုံးအဖြစ် ဂင်းနက်စ်စံချိန်တင်

သြစတြေးလျအမျိုးသားတစ်ဦးဟာ ” Now ” ဆိုတဲ့ စကားလုံးကို နားကွဲစေနိုင်မယ့် အသံနှုန်းမျိုးနဲ့ အော်ဟစ်ပြီး ကမ္ဘာ့အသံအကျယ်ဆုံးအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။

ဂျိုးဆက်လို့ အမည်ရတဲ့ အမျိုးသားရဲ့ အမြင့်ဆုံးအသံနှုန်းဟာ ၁၂၂.၄ ဒက်စီဘယ်အထိ ရှိပြီး အဲဒီအသံ ကျယ်လောင်မှုဟာ မိုးချုန်းသံ၊ လွစက်သံ၊ ဖောက်စက်သံတွေလောက်နီးနီး ကျယ်လောင် ပြင်းထန်ပါတယ်။

သူဟာ မြောက်အိုင်ယာလန်ကျောင်းဆရာမ ဖလာနဂန်ရဲ့စံချိန် (၁၂၁.၇ ဒက်စီဘယ်)ကို ချိုးပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။

အသံအတိုးအကျယ်ဟာ လော့ဂရစ်သမ်စနစ် (Logarithmic scale) ကို အသုံးပြုတာဖြစ်ပြီး တပြေးညီ တိုးပွားခြင်းမဟုတ်ပါဘူး။ ၁၀ ဒီစီဘယ် တိုးလာတိုင်း လူတွေရဲ့ အာရုံခံစားမှုအရ အသံကျယ်နှုန်း နှစ်ဆခန့် ပိုများပါတယ်။

Ref: Man breaks Guinness world record for loudest ever shout

NZ (ရိုးရာလေး)

The post မိုးချုန်းသံနီးနီး အော်နိုင်ပြီး ကမ္ဘာ့အသံအကျယ်ဆုံးအဖြစ် ဂင်းနက်စ်စံချိန်တင် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post