အူရီဒူးမြန်မာသည် ဆုကြေးငွေ ကျပ်သိန်း ၃၂၀ အထိ ပေးအပ်သွားမည့် “Gameverse Champion League” ပြိုင်ပွဲကြီးကို တက်လှမ်းနိုင်မည့် Mobile Legends: Bang Bang (MLBB) ၊ PUBG Mobile နှင့် Casual Games များ ပါဝင်သည့် Regional esports ပြိုင်ပွဲများစွာကို တိုင်းနယ်ပြည်နယ်များတွင် ကျင်းပလျက်ရှိပါသည်။ ဤဒေသတွင်း ပြိုင်ပွဲများမှတစ်ဆင့် မိမိတို့၏ အရည်အချင်းများကို ထုတ်ဖော်ပြသလိုသော ကစားသမားများအတွက် အထူးအခွင့်အရေးကြီးဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ တက်သစ်စ esports ကြယ်ပွင့်များကို ဖော်ထုတ်မြှင့်တင်ပေးရန် ရည်ရွယ်ထားသည့် Gameverse Champion League ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ပါသည်။
အဆိုပါ Regional esports ပြိုင်ပွဲအားလုံးအတွက် စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း ၁၆၀ ကျော် ပေးအပ်သွားမည်ဖြစ်ပြီး ပွဲတစ်ခုချင်းစီအတွက် စုစုပေါင်းဆုကြေးငွေ ကျပ် ၄၂ သိန်း ပေးအပ်မည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသော ကစားသမားများအနေဖြင့် ဖော်ပြပါ လင့်ခ်များတွင် စာရင်းသွင်းနိုင်မည်ဖြစ်ပါသည်- Mobile Legends: Bang Bang Teams – https://bit.ly/MLBB_Regional နှင့် PUBG Mobile Teams – https://bit.ly/PUBGM_Regional ။ ပရိသတ်များအနေဖြင့် အဆိုပါ ပွဲစဉ်အားလုံးကို Gameverse by Ooredoo Facebook Page နှင့် YouTube ချန်နယ်လ်တို့တွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
ပထမအဆင့်တွင် Qualifier ပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်များတွင် အနိုင်ရရှိသူများသည် အောက်ပါအချိန်ဇယားအတိုင်း ဒေသအဆင့် Grand Final ပွဲစဉ်များတွင် ယှဉ်ပြိုင်ကြရမည်ဖြစ်ပါသည်။
Regional Qualifier ပြိုင်ပွဲများ
Yangon Qualifiers – နိုဝင်ဘာလ (၁၅) ရက် နှင့် (၁၆) ရက် ။
Taunggyi Qualifiers – နိုဝင်ဘာလ (၂၀) ရက် ။
Pathein Qualifiers – နိုဝင်ဘာလ (၂၇) ရက်။
Regional Grand Final ပြိုင်ပွဲများ
Yangon Final – နိုဝင်ဘာလ (၁၇) ရက်၊ မြန်မာပလာဇာ။
Taunggyi Final – နိုဝင်ဘာလ (၂၄) ရက်၊ City Square Shopping Mall ။
Pathein Final – ဒီဇင်ဘာလ (၁) ရက်၊ Royal Lake Amusement Park ။
Gameverse Regional 2024 Mandalay Grand Final ကို နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ကျင်းပခဲ့ပြီး MLBB နှင့် PUBG Mobile အတွက် ချန်ပီယံအသင်းများ အသီးသီး ထွက်ပေါ်ခဲ့ပါသည်။ ၎င်းသည် ၂၀၂၀ ခုနှစ်ကတည်းက ယနေ့အထိ မန္တလေးတွင်ကျင်းပပြုလုပ်ခဲ့သည့် အကြီးဆုံး အပျော်တမ်းနှင့် semi-pro eSports MLBB and PubG Mobile ပွဲကြီးတစ်ခုဖြစ်ပါသည်။ ဒေသအလိုက် ပြိုင်ပွဲတစ်ခုစီမှ ဆုရရှိသူများကို ရန်ကုန်မြို့တွင် ကျင်းပမည့် နောက်ဆုံးပွဲစဉ်ဖြစ်သည့် “Gameverse Champion League” တွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို လာမည့် ရက်သတ္တပတ်များတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
Gameverse သည် ဂိမ်းဝါဿနာရှင်များအတွက် ပြီးပြည့်စုံသော နောက်ဆုံးပေါ် ဂိမ်းအတွေ့အကြုံများကို ခံစားနိုင်စေမည့် ပေါ်တယ်လ်တစ်ခုဖြစ်ပြီး အထူးအစီအစဉ်များလည်း ထည့်သွင်းထားပါသည်။ ဂိမ်းကစားသူတိုင်း In-game Items များနှင့် Game Currency ကို ၎င်းပေါ်တယ်လ်မှ အလွယ်တကူဝယ်ယူနိုင်မည် ဖြစ်ပါသည်။ ၎င်းတွင် ပေါ့ပေါ့ပါးပါးအွန်လိုင်းဂိမ်းများ (သို့) PC/Console ဂိမ်းများ (သို့) Championship ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းများစသဖြင့် ဂိမ်းကစားသူများ အားလုံးအတွက် စိတ်လှုပ်ရှားစရာ အစီအစဉ်များနှင့် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပါသည်။
Team (ရိုးရာလေး)
The post အူရီဒူးမြန်မာမှ Gameverse Champion League ဆီသို့ တက်လှမ်းနိုင်မည့် Mobile Legends၊ PUBG Mobile နှင့် Casual Games Regional ပြိုင်ပွဲများကို တိုင်းနယ်ပြည်နယ်များတွင် ကျင်းပပေးလျက်ရှိ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment