မီးလောင်ကျွမ်းမှုကြောင့် အကြီးအကျယ်ပျက်စီးခဲ့တဲ့ နော်တာဒိန်းဘုရားကျောင်းမှ ခေါင်းလောင်းသံထွက်ပေါ်လာ

၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့စွန်မှာရှိတဲ့ နော်တာဒိန်းဘုရားကျောင်းကနေ ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့ပါတယ်။ နှစ်သက်တမ်း ၈၅၀ ရှိတဲ့ နော်တာဒိန်း ဘုရားကျောင်းဟာ ၂၀၁၉ ခုနှစ်က မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့ပြီး ရှေးမူမပျက် ပြန်လည်တည်ဆောက်နေတာဖြစ်ပါတယ်။

တစ်လတာအချိန်အတွင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့သောကြာနေ့ကတော့ နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်မှုလုပ်ရာမှာ ဘုရားကျောင်းရဲ့ ခေါင်းလောင်း ၈ ခုကနေ မြည်သံထွက်ပေါ်လာခဲ့တာပ

ပဲရစ်အိုလံပစ်အစီအစဉ်ရေးဆွဲရေးကော်မတီက လှူဒါန်းတဲ့ ခေါင်းလောင်းကြီးအပါအဝင် နောက်ထပ် ခေါင်းလောင်း ၃ လုံးကိုလည်း နော်တာဒိန်းဘုရားကျောင်းမှာ ထပ်မံထည့်သွင်းခဲ့ပါတယ်။

Ref: Notre Dame Bells Ring Out for the First Time in 4 Years, Heralding its Upcoming Completion December 8th
NZ ( ရိုးရာလေး)

The post မီးလောင်ကျွမ်းမှုကြောင့် အကြီးအကျယ်ပျက်စီးခဲ့တဲ့ နော်တာဒိန်းဘုရားကျောင်းမှ ခေါင်းလောင်းသံထွက်ပေါ်လာ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post