ကလေးလူနာတွေအတွက် ကုသစရိတ် ဒေါ်လာ ၂ သိန်းကျော် လှူဒါန်းခဲ့တဲ့ မင်းသားချော Byeon Woo Seok

တောင်ကိုရီးယားမင်းသားချော Byeon Woo Seok ဟာ ကလေးလူနာတွေ ကုသနိုင်ဖို့အတွက် Severance Hospital မှာ ဝမ်သန်း ၃၀၀ ( ခန့်မှန်းခြေ ဒေါ်လာ၂၁၇၅၃၃) ကို တိတ်တဆိတ်လှူဒါန်းခဲ့တယ်လို့ သတင်းမီဒီယာတစ်ခုက နိုဝင်ဘာ ၅ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

Severance Hospital ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း “ရက်ရက်ရောရောလှူဒါန်းပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကလေးလူနာများစွာက ကုသမှုခံယူနိုင်တော့မှာဖြစ်တယ်”လို့ ကျေးဇူးတင်ရှိထားပါတယ်။

ထွက်ရှိလာတဲ့သတင်းနဲ့ပတ်သက်ပြီး Byeon Woo Seok ရဲ့အေဂျင်စီ VARO Entertainment က “Byeon Woo Seok လှူဒါန်းခဲ့တာ မှန်ပါတယ်။ ဒါက သူ့ရဲ့ကိုယ်ရေးကိုယ်တာအရ လှူဒါန်းခဲ့တာပါ”လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

မင်းသား Byeon Woo Seok က အခုနှစ်ရဲ့ Lovely Runner ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီးနောက် တဟုန်ထိုးနာမည်ကြီးလာခဲ့တာပါ။ ဒီဇာတ်လမ်းတွဲပြီးတဲ့နောက်မှာလည်း နိုင်ငံ ၈ နိုင်ငံမှာ Asia Fan Meeting Tour ကျင်းပခဲ့ပါတယ်။ မကြာသေးခင်ကမှ သူဟာ အီတလီဇိမ်ခံဖက်ရှင်တံဆိပ် Prada အတွက် Brand Ambassador အသစ်လည်းဖြစ်ခဲ့ပါတယ်။

Ref: Byeon Woo Seok Makes Heartfelt Donation Of 300 Million Won For Treatment Of Child Patients

WL (ရိုးရာလေး)

The post ကလေးလူနာတွေအတွက် ကုသစရိတ် ဒေါ်လာ ၂ သိန်းကျော် လှူဒါန်းခဲ့တဲ့ မင်းသားချော Byeon Woo Seok appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post